34 C
Yangon

စစ်ရေးပစ်မှတ်မဟုတ်သည့် ချင်းပြည်နယ်ရှိ ခရစ်ယာန်ဘာသာရေး ဆုတောင်း ဆောင်နှင့် ကရင်နီပြည်နယ်ရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က တိုက် လေယာဉ်ဖြင့် ဗုံးကျဲ

Must read

စစ်ရေးပစ်မှတ်မဟုတ်သည့် ချင်းပြည်နယ်ရှိ ခရစ်ယာန်ဘာသာရေး ဆုတောင်း ဆောင်နှင့် ကရင်နီပြည်နယ်ရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က တိုက် လေယာဉ်ဖြင့် ဗုံးကျဲ

ရန်ကုန်၊ ဧပြီ ၂၅

အကြမ်းဖက်စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် ချင်းပြည်နယ်ရှိ ခရစ်ယာန်ဘာသာရေး ဆုတောင်းဆောင်နှင့် ကရင်နီပြည်နယ်ရှိ တိုက်နယ် ဆေးရုံကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုများဖြစ် ပေါ် ကြောင်း သက်ဆိုင်ရာ‌ ဒေသ ကာကွယ်ရေး တပ်ဖွဲ့များနှင့် သတင်းရင်း မြစ် များ၏ ထုတ်ပြန်ပြောဆိုချက်များအရ သိရှိရသည်။

ဧပြီ ၂၃ ရက်နေ့ ည ၇ နာရီအချိန် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ခွန်ကျူံးရွာ အနီး ခရစ်ယန်ဘာသာရေး ဆုတောင်းဆောင်ကို တိုက်လေယာဉ်တစ်စီးဖြင့် ၂ ကြိမ်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆုတောင်းဆောင် ပျက်စီးသွားကြောင်း ချင်း အမျိုး သားတပ်မတော် CNA ထံမှ သိရှိရသည်။

အလားတူ မတ်လ ၂၄ ရက်နေ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါ့တမ ကြီး ကျေးရွာနှင့် တိုက်နယ်ဆေးရုံကို စစ်ကောင်စီက တိုက်လေယာဉ် ၁ စီး၊ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးဖြင့် လေကြောင်းမှတစ်ဆင့် ဗုံးကျဲ၊ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ၊ ထိုသို့ တိုက်ခိုက်မှုကြောင့် တိုက်နယ်ဆေးရုံနှင့် ကျေးရွာ များအတွင်း ပျက်စီးမှုများ ရှိကြောင်း Karenni’s Voiceက သတင်းဖော်ပြသည်။

“မြေပြင်မှာက စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာ၊ လေယာဉ်နဲ့ ဗုံးကျဲတာက အရပ် သား နေရာ ကျေးရွာ၊ အရပ်ဘက်၊ စစ်ရေးပစ်မှတ် အဲဒါမျိုးတွေ ခွဲခြားပြီး ပစ်ခတ် တာမျိုး မမြင်ရဘူး။ သူတို့အထိနာရင် မည်းမည်းမြင်ရာကို အကုန် ရမ်း သမ်း ပစ်ခတ် နေတယ်။ စစ်ဘေးရှောင်စခန်းတွေကိုပါ လက်နက်ကြီးနဲ့ ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်တာ မြင်ရပါတယ်။ အဲဒါကြောင့် စစ်ဘေးရှောင် ပြည် သူ တွေ သေဆုံးထိခိုက်မှုတွေရှိနေတာပါ။ ဆေးရုံ၊ ဘုရားကျောင်း၊ စာသင် ကျောင်း အကုန် လက်နက်ကြီးနဲ့ပစ်တာ၊ လေယာဉ်နဲ့ ဗုံးကျဲတာတွေက တောက် လျှောက်ဆိုသလိုရှိနေပါတယ်” ဟု ကရင်နီစစ်ဘေးရှောင်ပြည်သူများ ကို ကူညီရေး လုပ် ဆောင်နေသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

Photo- Karenni’s Voice ၊ CNA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article