30 C
Yangon

စဥ့်ကူး၊ ဘုံသာကုန်းရွာမှ စိတ်ရောဂါခံစားနေရသူ ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး ခက်သင်ရွာကို မီးရှို့ဖျက်ဆီးနေ

Must read

စဥ့်ကူး၊ ဘုံသာကုန်းရွာမှ စိတ်ရောဂါခံစားနေရသူ ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး ခက်သင်ရွာကို မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ ဧပြီ ၂၀

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ဘုံသာကုန်းရွာမှ စိတ်ရောဂါခံစားနေရသူ ၁ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က စဥ့်ကူးမြို့နယ်၊ ဘုံသာကုန်းရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး စိတ်ရောဂါခံစားနေရသူ ၁ ဦးကို ရွာပြင်၌ ပစ်သတ်ခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာအတွင်းရှိ ပြည်သူများကို ရွာဘုန်းကြီးကျောင်း အတွင်း ခေါ်ဆောင်ကာ အမျိုးသားများကို ရိုက်နှက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွားသွားကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် ဘုံသာကုန်းရွာ အနီးရှိ ခက်သင်ရွာကို ထပ်မံဝင်စီးနင်းခဲ့ပြီးနောက် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။

” စဥ့်ကူးမြို့နယ် ခက်သင်အုပ်စုမှာရှိတဲ့ စစ်ကိုင်းတိုင်းအစပ်က ဘုံသာကုန်းကျေးရွာကို စစ်ခွေးတွေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရွာပြင်တွင် စိတ်ရောဂါ ခံစားနေရသူ အမျိုးသားတစ်ဦးကို သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်ခဲ့တယ်။ ရွာရှိ လူအကုန်လုံးကို ဘုန်ကြီးကျောင်းထဲခေါ် ပြီး အမျိုးသားမှန်သမျှ ရိုက်မေးတာတွေလုပ်တယ်။ စစ်ခွေး စစ်ကြောင်းက ရွာထဲမှာတော့ မရှိတော့ဘူး။ ခက်သင်ရွာကို ဝင်စီးပြီး မီးရှို့နေတယ်လို့ သိရတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။

Photo – မန္တလေးတိုင်းအတွင်း အကြမ်းဖက် စစ်တပ် မီးရှို့နေသော ကျေးရွာ တစ်ရွာအား တွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article