28 C
Yangon

ဆားလင်းကြီးမြို့နယ်ရှိ မီးဘေးသင့် ပြည်သူများကို မုန့်လက်ဆောင်း တိုက်​ကျွေး လှူဒါန်း

Must read

ဆားလင်းကြီးမြို့နယ်ရှိ မီးဘေးသင့် ပြည်သူများကို မုန့်လက်ဆောင်း တိုက်​ကျွေး လှူဒါန်း

ရန်ကုန်၊ ဧပြီ ၂၈

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက် ဆီးသွားသော ကျေးရွာများမှ မီးဘေးသင့် ပြည်သူများကို အညာ ပစ်တိုင်းထောင်လေးများ အဖွဲ့မှ မုန့်လက်ဆောင် တိုက်​ကျွေး လှူဒါန်းခဲ့ကြောင်း သိရသည်။

“မီးရှို့ခံလိုက်ရတဲ့ အိမ်ခြေက ၁၂၈ အိမ် ပြည်သူ ၇၀၀ ကျော်လောက် အိုးမဲ့ အိမ်မဲ့ဖြစ်သွားတယ်။ ပြည်သူတွေရဲ့အပူတွေ အမြန်ဆုံးပျောက်ကင်းဖို့ သွားအားပေးရင်း မုန်းလက်ဆောင် တိုက်ကျွေး လှူဒါန်းခဲ့ပါတယ်။ မီးလောင် ပြင်က ပြည်သူတွေမှာ အခက်အခဲ တွေအများကြီးရှိနေပါတယ်။ ပြည်သူတွေရဲ့ ဆုံးရှုံးမှုက အများကြီးပါ။ ပစ္စည်း ဆုံးရှုံးတာထက် ပြည်သူတွေရဲ့ စိတ်ဓာတ်တွေ ကျဆင်းလာတာကပိုပါတယ်။ စစ်ကောင်စီက ပြည်သူတွေရဲ့ စိတ်ဓာတ်ကို ရိုက်ချိုး နေတာပါ။ မီးလောင်ပြင်က ပြည်သူတွေကို ပြည်သူအချင်းချင်း ကူညီ ပေး စေလိုပါတယ်။”ဟု အညာ ပစ်တိုင်းထောင်လေးများအဖွဲ့မှ ဦးဆောင်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article