30 C
Yangon

ဆားလင်းကြီး၊ ကျားတက် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦးသေဆုံး

Must read

ဆားလင်းကြီး၊ ကျားတက် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းခရိုင် တပ်ရင်းအမှတ် ၄ MSPDF က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ မှ ၂ နာရီ အထိ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ရဲ ၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

” Red Hawk Operations / စွန်ရဲစစ်ဆင်ရေး အနေနဲ့ ဆားလင်းကြီးမြို့နယ်၊ ကျားတက် ရဲစခန်းကို ကျွန်တော်တို့ Myaung Special Air Force-MSPDFနဲ့ ညီနောင်မဟာမိတိတွေက ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက် ခဲ့တာပါ။ စစ်ခွေးနဲ့ ရဲခွေး ၇ ကောင်ထက်မနည်းသေဆုံးတယ်” ဟု စစ်ကိုင်းခရိုင် တပ်ရင်းအမှတ် ၄ MSPDF က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း အမှတ်(၄) MSPDF မှ Myaung Special Air Force နှင့်အတူ SALINGYI Special Task Force (SSTF)၊ National People Defence Force (NPDF)နှင့် Super Fighter Drone Team တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article