26 C
Yangon

တိုက်ပွဲများ ဖြစ်ပွားနေသော မြ၀တီမြို့နယ်တွင် ဆင် ၂ ကောင် ဝင်ရောက်လာသဖြင့် ပြည်သူများ ထိတ်လန့် ရှောင်ရှားရ

Must read

တိုက်ပွဲများ ဖြစ်ပွားနေသော မြ၀တီမြို့နယ်တွင် ဆင် ၂ ကောင် ဝင်ရောက်လာသဖြင့် ပြည်သူများ ထိတ်လန့် ရှောင်ရှားရ

ရန်ကုန်၊ ဧပြီ ၁၈

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေချိန် ဆင်၂ ကောင်သည် လူနေထိုင်သော ရပ်ကွက်များအတွင်းသို့ ဝင်ရောက်လာ သဖြင့် ပြည်သူများ ထိတ်လန့်နေရကြောင်း သိရှိရသည်။

ဧပြီလ ၁၇ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်မှစတင်၍ အစွယ်အပြည့်အစုံပါသည့် ဆင် ၂ ကောင်သည် မြ၀တီမြို့၊ ပြည်သာယာ ၃ လမ်း အမှတ် ၄ ရပ်ကွက် အတွင်းရှိ နေအိမ်များအတွင်းသို့ ဝင်ရောက်လာသဖြင့် ပြည်သူများ ကြောက်လန့်တကြား ထွက်ပြေးရကြောင်း၊ ဧပြီလ ၁၇ ရက်နေ့ တစ်ညလုံးနှင့် ယနေ့ နံနက်ပိုင်းအထိ ဆင်အန္တရာယ် ကြောက်၍ မိမိအိမ်ကို ပြန်မအိပ်နိုင်ဘဲ ပြည်သူတချို့ ထွက်ပြေးတိမ်းရှောင် နေရသည်ဟု သိရှိရသည်။

“ကြည့်ရတာ မြဝတီ မြို့နယ်အတွင်းမှာ တိုက်ပွဲတွေက နေ့တိုင်းဖြစ်တော့ ဆင်တွေမြဝတီ မြို့ထဲ ရောက်လာတာ။ မနေ့ညနေ ၅ နာရီလောက်မှာ စဝင်လာတာ။ ဟေမန်ဦး ဘုန်းကြီးကျောင်း အနောက်ဘက် ဆင်ခြေဖုံးရပ်ကွက်ထဲမှာ စွယ်ဆုံ ဆင်ကြီး ၂ ကောင် သောင်းကျန်းနေတာ။ ပြည်သူတွေ အသွား အလာ သတိပြုကြပါ‌။ ပြည်သာယာ ၃ လမ်း မြဝတီမြို့ အမှတ်( ၄ )ရပ်ကွက် အိမ်​ခေါင်းရင်းအိမ်ခြံထဲမှာ( ပိုင်ရှင်မဲ့ )ဆင်ကြီးနှစ်​ကောင်ဝင်တယ်။ နှစ်ဆန်း တစ်ရက်နေ့ ည ၉ နာရီလောက်အထိ ဆင်တွေက အိမ်တွေ ခြံတွေထဲ လိုက်ဝင်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

“စစ်တပ်ကို ကြောက်ရ ။ ပုဒ်မ ၁၄၄ ကိုလည်းကြောက်ရတယ်။ ဆင်ကိုလည်း ကြောက်ရ။ အစောပိုင်းကအမှတ် ၄ ရပ်ကွက်နားမှာပဲမီတာ ၂၀၀ လောက် ဆို မြို့ထဲရောက်ဖို့များပါတယ်။ ဆင်တွေက လေယဥ်နဲ့ ဗုံး ကျဲတာနဲ့ တိုက်ပွဲတွေဖြစ်တာကြောင့် တောထဲမှာ နေစရာမရှိဘဲ ဆင်တွေ မြို့ ထဲကို တိုးလာတာထင်တယ်။ လောလောဆယ် မြဝတီ မြို့ အခြေနေက ဆင်တွေကို ဖမ်း မယ့် သစ်တော အဖွဲ့ကလည်းတိုက် ပွဲ အခြေနေကြောင့် လာဖမ်းဖို့ မရှိနိုင်လောက်ဘူး ” ဟု မြ၀တီမြို့ခံတစ်ဦးက ဆိုသည်။

လတ်တလော ဆင် ၂ ကောင်မှာ ပြည်သူများနေအိမ်များအတွင်း ဝင်ရောက်ခြင်း၊ စားစရာရှာဖွေခြင်းနှင့် အိမ်နှင့်ခြံစည်းရိုးများကို ဖျက်ဆီးမှု တချို့ လုပ် ဆောင် ကြသည်ဟု ဒေသပြည်သူများက ဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article