28 C
Yangon

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းတွင် တော်လှန်ရေးရန်ပုံငွေ ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

Must read

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းတွင် တော်လှန်ရေးရန်ပုံငွေ ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

ရန်ကုန်၊ ဧပြီ ၂၅

တောင်ကိုရီးယားနိုင်ငံ အင်ချွန်း ဆောဂူရပ်တွင် ကိုရီးယားရောက် Mara လူငယ်များ အဖွဲ့အစည်းဖြစ်သည့် Korea Mara Welfare (KMW) မှ ဦးစီး၍ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပခဲ့ကြသည်။

စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး၊ စစ်ဘေးရှောင်ပြည်သူ၊ကလေးသူငယ်များအတွက် ပညာရေး၊စားဝတ်နေရေး လိုအပ်ချက်များ၊ တော်လှန်ရေးအတွက်အထောက်ကူဖြစ်စေသောအရာများဖြည့်ဆည်းရန်လိုအပ်သော ရန်ပုံငွေအတွက် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဖူဆယ်ဘောလုံးပြိုင်ပွဲပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပွဲတွင် အမျိုးညီညွတ်ရေးအစိုးရမှ တောင်ကိုရီးယားနိုင်ငံ ကိုယ်စားပြု ဦးရန်နိုင်ထွန်းမှ Chief Guest အဖြစ်ဆောင်ရွက်ပေးခဲ့ပြီး Guest of honor အဖြစ် ဆရာ ဘက်စုံ ( Phatsung) မှဆောင်ရွက်ခဲ့ကြကြောင်း၊ အနိုင်ရရှိအသင်းဖြစ်သည့် HERO FC မှ တော်လှန်ရေးရန်ပုံငွေအဖြစ် ဆုငွေထဲမှ ကိုရီးယားဝမ် ၃ သိန်း၊ Guest of honor ဆရာ ဘက်စုံမှ ကိုရီးယားဝမ် ၂သိန်းကို Korea MARA Welfare(KMW) ဆီသို့ ထောက်ပို့ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article