28 C
Yangon

ထလန်လိုရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး၊ ကလေးငယ် ၂ ဦးအပါအဝင် ၆ ဦး ထိခိုက် ဒဏ်ရာ ရရှိပြီး နေအိမ် ၅ လုံးပျက်စီး

Must read

ထလန်လိုရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး၊ ကလေးငယ် ၂ ဦးအပါအဝင် ၆ ဦး ထိခိုက် ဒဏ်ရာ ရရှိပြီး နေအိမ် ၅ လုံးပျက်စီး

ရန်ကုန်၊ ဧပြီ ၂၇

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ထလန်လိုရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း The Chin Journal မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ထလန်လို ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက် ခဲ့သော​ကြောင့် CDM ပြုလုပ်ထားသည့် ကျောင်းဆရာမ ဒေါ်နီဒိမ်နှင့် ကျေးရွာနေ ပြည်သူ ဦးဟရမ်ကျဲအို တို့ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒေါ်နီနူ၊ ဒေါ် ငွန်သိန်း၊ ဦးရွာလ်လှဲန်၊ ဦးဆပ်အဲန်နှင့် ကလေးငယ် ၂ ဦးဖြစ်သည့် မောင်ရိုခါရ် နှင့် မောင်မန်ဘွေဆန်တို့လည်း ထိခိုက်ဒဏ်ရာရှိကာ နေအိမ် ၅ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

” CDM ဆရာမ ၁ ဦးနဲ့ ကျေးရွာနေ ပြည်သူ ၁ ဦး သေဆုံးတယ်။ ကလေး ၂ ဦး အပါအ၀င် ၆ ဦးလည်း ထိခိုက် ဒဏ်ရာရရှိတယ်။ နေအိမ် ၅ လုံး ပျက်စီးသွားတယ်” ဟု The Chin Journal မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article