28 C
Yangon

ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၁၅ ဦးသေဆုံး၊ ရှစ်မိုင်စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှုတွင် လည်း စစ်တပ်ဘက်မှ အထိနာ

Must read

ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၁၅ ဦးသေဆုံး၊ ရှစ်မိုင်စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှုတွင် လည်း စစ်တပ်ဘက်မှ အထိနာ

ရန်ကုန်၊ ဧပြီ ၂၅

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိ စစ် ကောင်စီ ၏ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို PDF မဟာမိတ်ပူးပေါင်းတပ်များက ဝင် ရောက် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးကြောင်း ပြည်သူ့ ကာ ကွယ် ရေးတပ်မတော်(ထားဝယ်ခရိုင်)-T1 က ပြောဆိုသည်။

ဧပြီလ ၂၃ ရက် နံနက် ၅ နာရီခွဲအချိန် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ် များက စစ်ကောင်စီ၏ ဘုရားမဲစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်ကောင်စီ ဘက်မှ ၁၅ ဦးသေဆုံးခဲ့ကာ ဒဏ်ရာရသူများပြားသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော်(ထားဝယ်ခရိုင်)-T1 က သတင်းထုတ်ပြန်သည်။

ဧပြီလ ၂၃ ရက်နေ့ နံနက် ၅ နာရီခွဲမှ ၇ နာရီခန့်အချိန်အထိ ၁ နာရီခွဲခန့် ကြာ သည့် တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး ပူး‌ပေါင်းတပ်များဘက်မှ ၁၆ ဦး ဒဏ် ရာ အနည်းငယ်ရရှိပြီး ကျန်တစ်ဦးကမူ ဒဏ်ရာပြင်းထန်ကြောင်း သိရှိရ သည်။

စစ်ဆင်ရေးတိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ရင်း(၁)မှ ဗိုလ်ကျော်ကြီး ဦး ဆောင် သည့် စစ်ကြောင်း၊ Drone တပ်ဖွဲ့၊ ဥဩစစ်ကြောင်း၊ DGRF၊ Aline Force၊ ဧဒင်မှူး၊ သံမဏိပျောက်ကြား-နဘယံများက ပူးပေါင်း ပါဝင်ခဲ့ကြ ကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ အခြား စစ်တပ်စစ်ဆေး ရေးဂိတ် ဖြစ်သော ရှစ်မိုင် စစ်တပ်စစ်ဆေးရေးဂိတ်ကိုလည်း ဧ‌ပြီလ ၂၃ ရက် နေ့ မွန်းလွဲပိုင်းတွင် PDF မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါတိုက်ခိုက်မှုတွင် ပါဝင်သော ဒေသတော်လှန်ရေးတပ်က ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာ အုပ်စု၊ မဲချောင်းကျေးရွာအနီး ၈မိုင်စစ်ကောင်စီဂိတ်စခန်းကို ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ၄၀ မမ၊ ၆၀မမ၊ ၈၀ မမ ဗုံးသီးများအပြင် လက်နက်ငယ်များဖြင့်ပါ ဝင်ရောက်ပစ်ခတ်ပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲ တစ်နာရီကြာဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“စစ်ကောင်စီတပ်ဘက်ကထိခိုက်သေဆုံးတာရှိပေမယ့် အတိအကျကိုတော့ မသိရသေးပါဘူး။ တိုက်ပွဲမှာတော့ ကျနော်တို့လက်နက်ကြီး တစ်ချက်ပစ်ရင် သူတို့ ၃ချက်လောက်ဆက်တိုက်ထုတယ်။ စက်လက်တွေ နဲ့လည်း ဆက်တိုက် ဆွဲတယ်” ဟု တိုက်ခိုက်ရာမှာပါဝင်သည့် DDT အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံက ပြောသည်။

PDF တပ်များ စုပေါင်းတိုက်ခိုက်ခဲ့သည့် ၈မိုင် စစ်ဆေးရေးဂိတ်စခန်းတွင် မူလ စစ်သား ၁၂ဦးဝန်းကျင်သာရှိပြီးလက်ရှိအချိန်တွင် အင်အားတိုးမြှင့် ထား ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ပကာရီရဲစခန်းက တိုက်ပွဲဖြစ်ပွားနေချိန် လက်နက်ကြီး ပစ်ကူ ပေးနေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များ ပြန်လည် ဆုတ်ခွာခဲ့ ကြောင်း၊ တိုက်ခိုက်မှုကို ထားဝယ်စုပေါင်းစစ်ကြောင်း(Dawei Collective Column)၊ ထားဝယ်ခရိုင်(တပ်ရင်း-၁)တို့ပူးပေါင်း စစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ထားဝယ်စုပေါင်းစစ်ကြောင်း(Dawei Collective Column)မှ တော်လှန်ရေးရဲဘော်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article