27 C
Yangon

ထီးလင်းမြို့အနောက်ခြမ်းရှိ ပအဖ ရုံးကို စစ်တပ်ကတိုက်လေ ယာဉ်ဖြင့် ဗုံးကျဲမှု ပအဖ ရဲဘော် ၃ ဦးကျဆုံး၊ ၁၂ ဦးဒဏ်ရာရ

Must read

ထီးလင်းမြို့အနောက်ခြမ်းရှိ ပအဖ ရုံးကို စစ်တပ်ကတိုက်လေ ယာဉ်ဖြင့် ဗုံးကျဲမှု ပအဖ ရဲဘော် ၃ ဦးကျဆုံး၊ ၁၂ ဦးဒဏ်ရာရ

ရန်ကုန်၊ ဧပြီလ ၂၀

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့အနောက်ဘက်ခြမ်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ရုံးကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပအဖ ရဲဘော် ၃ ဦးကျဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း YRA ထီးလင်းမှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ဧပြီလ ၂၀ ရက် မွန်းတည့် ၁၂ နာရီခွဲခန့်က တံတားဦးလေဆိပ်မှ တက်လာသော အကြမ်းဖက်စစ်တပ် ဂျက်ဖိုက်တာ တိုက်လေယာဉ်တစ်စီးဖြင့် ထီးလင်းမြို့နယ်နောက်ခြမ်းရှိ ပအဖ ရုံးကို ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ တစ်ရုံးလုံးမီး လောင်ပျက်စီးပြီး ပအဖ ရဲဘော် ကျား ၂ ဦး၊ မ ၁ ဦးသေဆုံးကာ ပအဖ တာဝန်ခံ အပါအဝင် ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဖုန်းလိုင်း၊ အင်တာနက်လိုင်းဖြတ်တာ တစ်ပတ်ကျော်လောက် ရှိပြီ၊ မနေ့ကစပြီး တခြားမြို့နယ်တွေ ရပေမယ့် ကျနော်တို့ ထီးလင်း ပဲကျန်တာ၊ အင်တာနက်ကလည်း အခုမှ ပွင့်တာ၊ ဘာပွဲမှလည်းမရှိသလို ဘာအစည်းအဝေးမှလည်း မရှိဘူးဗျ၊ လေယာဥ်နဲ့ ဗုံးကျဲချသွားတာ တစ်ရုံးလုံးပြာကျသွားတယ်၊ ဒဏ်ရာပြင်း ထန်တဲ့ လေးယောက်ကတော့ မသေရုံတမယ်ပဲ၊ ပေါင်ကျိုးတာရော၊ ကိုယ်တခြမ်းမီးလောင်တာရောပဲ” ဟု YRA ထီးလင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အကြမ်းဖက်စစ်တပ်၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် တာဝန်ခံဆရာမအပါအဝင် အမျိုးသား ၄ ဦး၊ အမျိုး သမီး ၈ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာရှိသူများတွင် ၄ ဦးမှာ အသက်အန္တရာယ်မစိုးရိမ်ရသော်လည်း အပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article