34 C
Yangon

ဒီးမော့ဆို၊ အနောက်ခြမ်းကို စစ်တပ်က တိုက်လေယာဥ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

ဒီးမော့ဆို၊ အနောက်ခြမ်းကို စစ်တပ်က တိုက်လေယာဥ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၈

ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် အကြောင်းမဲ့ ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေက ဒီးမော့ဆို အနောက်ခြမ်းမှာရှိတဲ့ နေရာ ၂ နေရာကို တိုက်လေယာဥ်နဲ့ဗုံးကျဲပြီး လက်နက်ကြီး ၇ လုံးလောက် အကြောင်းမဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၁ ဦးသေဆုံးတယ်လို့သိရတယ်။ နေအိမ် တချို့ ပျက်စီးဆုံးရှုံးတာရှိတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article