30 C
Yangon

နောင်ချိုမြို့ရှိ စစ်တပ်၏ ၁၁၄ တပ်ရင်းနှင့် ၁၁၅ တပ်ရင်းတို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေ

Must read

နောင်ချိုမြို့ရှိ စစ်တပ်၏ ၁၁၄ တပ်ရင်းနှင့် ၁၁၅ တပ်ရင်းတို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေ

ရန်ကုန်၊ ဧပြီ ၂၂

ရှမ်းပြည်နယ်၊ နောင်ချိုမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ၁၁၄ တပ်ရင်းနှင့် ၁၁၅ တပ်ရင်းတို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Mandalay PDF သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် နောင်ချိုမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ၁၁၄ တပ်ရင်းနှင့် ၁၁၅ တပ်ရင်းတို့ကို Mandalay PDF တပ်ဖွဲ့မှ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် Crown ဘိလပ်မြေ စက်ရုံနှင့် လောက်ဖန်းရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် Mandalay PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

” Mandalay PDF က နောင်ချိုမြို့ပေါ်မှာရှိတဲ့ ၁၁၄ တပ်ရင်းနဲ့ ၁၁၅ တပ်ရင်းတို့ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ဒီနေ့ ၁၁ နာရီ လောက်မှာ ပစ်ခတ်ခဲ့တယ်။ တစ်လုံးက ၁၁၄ တပ်ရင်း ဂေါက်ကွင်းမှာ ကျရောက် ပေါက်ကွဲတယ်။ အခုလက်ရှိ Crown ဘိလပ်မြေစက်ရုံနဲ့ လောက်ဖန်းရွာအနီးမှာ စစ်ခွေးတွေနဲ့ Mandalay PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ထိခိုက် သေဆုံးမှု စာရင်းတော့မသိရသေးပါဘူး” ဟု Mandalay PDF သတင်းရင်းမြစ်များကပြောဆိုသည်။

ထို့ပြင် ကုန်းစုံရွာ၊ ကျောက်ကြမ်းရွာ၊ လယ်ကြီးတောရွာ၊ ခဲမွန်ရွာမှ ပြည်သူများလည်း နောင်ချို့မြို့ပေါ် ထွက်ပြေးတိမ်းရှောင်နေရပြီး ၁၁၄ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ် လျက်ရှိကြောင်း သိရသည်။

Photo – ဧပြီလ ၁၇ ရက်နေ့က ကျောက်ထုမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့စဥ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article