32 C
Yangon

နွားထိုးကြီး မြို့မရဲစခန်းမှ ရဲတပ်ကြပ် တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

နွားထိုးကြီး မြို့မရဲစခန်းမှ ရဲတပ်ကြပ် တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၇

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီးမြို့မရဲစခန်းမှ ရဲတပ်ကြပ် ခိုင်မင်းထွန်းကို ပစ်ခတ်ရှင်း လင်းခဲ့ရာ သေဆုံးသွားကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၆ ရက် ည ၇ နာရီခန့်က နွားထိုးကြီးမြို့မရဲစခန်းမှ ရဲတပ်ကြပ် ခိုင်မင်းထွန်း သည် မြို့ ၏ အရှေ့ဘက် ဂတ်စ်ပိုက်လိုင်းရဲကင်းစခန်းရှိသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ထန်းဇင်းကျေးရွာအနီး အရောက် မြင်းခြံခရိုင် တပ်ရင်း ၄ Natogyi People Defence Force တပ်ဖွဲ့မှ တားဆီး မေးမြန်းရာ ထွက်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“နွားထိုးကြီးမြို့မရဲစခန်းကနေ သူက ဆိုင်ကယ်နဲ့ တစ်ယောက်တည်းထွက်လာတာ၊ လက်နက်လဲ မပါ ဘူး၊ ကျနော်တို့က တားတဲ့အချိန်မှာ မောင်းပြီထွက်ပြေးလို့ ပစ်ခတ်လိုက်တာ၊ ပစ်ခတ်ရှင်းလင်းပြီးတော့ ကျနော်တို့လည်း နောက်ပြန်ဆုတ်လာခဲ့တယ်၊ အဲဒီအလောင်းကိုတော့ မနေ့ညက ညတွင်းချင်းပဲ အင် အား ၃၀ ကျော်ကျော်လောက်လာကောက်သွားတယ်” ဟု မြင်းခြံခရိုင်တပ်ရင်း ၄ နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article