28 C
Yangon

ပဇီကြီးရွာကို စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် တိုက်လေယာဥ်ဖြင့် ၃ ကြိမ် ထပ်မံ ဗုံးကျဲ တိုက်ခိုက်

Must read

ပဇီကြီးရွာကို စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် တိုက်လေယာဥ်ဖြင့် ၃ ကြိမ် ထပ်မံ ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၀

ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် ၃ ကြိမ် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၆ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး လက်ရှိချိန်ထိ ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

” ပဇီကြီးကျေးရွာကို စကစ အကြမ်းဖက် အဖွဲ့က မွန်းလွ​ြ ၂ နာရီ ၂၆ မိနစ်မှာ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့တယ်လို့သိရတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး” ဟု ပြည်သူ တစ်ဦးက​ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article