28 C
Yangon

ပဇီကြီးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်စစ်ကြောင်းကို မှားယွင်း ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် စစ်သားများ သေဆုံးမှု များပြားဟု ပြောဆို

Must read

ပဇီကြီးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်စစ်ကြောင်းကို မှားယွင်း ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် စစ်သားများ သေဆုံးမှု များပြားဟု ပြောဆို

ရန်ကုန်၊ ဧပြီ ၂၁

ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာတွင် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်တပ် စစ်ကြောင်းကို မှားယွင်း ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့်စစ်သား ၄၀ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး အင်အားစုများ ထံမှ သိရသည်။

ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ပဇီကြီးကျေးရွာကို ဝင်ရောက် စီးနင်းခဲ့သော အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်လေယာဥ်ဖြင့် စစ်တပ် စစ်ကြောင်းကို မှားယွင်း ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၄၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မှားယွင်း ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ညပိုင်းတွင် ပျူစောထီးများက စစ်သားများ အလောင်းများကို နာရေးကားများဖြင့် လာရောက် သယ်ဆောင်သွားကြောင်း သိရှိရသည်။

” ကျွန်တော်တို့ အခုသိထားရတာက ပဇီကြီးဘက်လေကြောင်းကနေ မှားပြစ်လို့ စစ်ခွေး ၄၀ သေတယ်လို့ သိရတယ်။ မနေ့ ညက ပျူစောထီးတွေက နာရေးကားတွေနဲ့ စစ်ခွေး အလောင်းတွေကို လာသယ်နေရတယ်လို့မြေပြင်ကနေ သတင်းရပါတယ်” ဟု တော်လှန်ရေး ရဲဘော် တစ်ဦးက ပြောဆိုသည်။

ပဇီကြီး ကျေးရွာရွာ နေအိမ်များကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျခဲ့ပြီး ကျန်ရှိနေသော စစ်သားများသည် မလည်ဘက်သို့ ပြန်လှည့်ကာ မလည် အနောက်ဘက် တောင်ပေါ်၌ ကျန်နေသေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article