28 C
Yangon

ပုလောတွင် စစ်တပ် စစ်ဆေးရေး ဂိတ်များမှ အကြောင်းမဲ့ ပစ်ခတ်သောကြောင့် ပြည်သူ ၃ ဦးသေဆုံး

Must read

ပုလောတွင် စစ်တပ် စစ်ဆေးရေး ဂိတ်များမှ အကြောင်းမဲ့ ပစ်ခတ်သောကြောင့် ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၇

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ဆေးရေး ဂိတ်များက အကြောင်းမဲ့ ပစ်ခတ်သောကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဧပြီလ ၂၂ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်က ပုလောမြို့နယ်၊ ပလမြို့ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်က မြိတ်ဘက်မှ ပုလော ဘက်သို့ လာသည့် ကားပေါ်၌ လိုက်ပါလာသည့် ကြဲရွာသား သားအဖ ၂ ဦးကို ကားပေါ်က ဆွဲချကာ အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း၊ ရုပ်အလောင်းများ ကိုလည်း မိသားစုဝင်များထံ ပြန်ပေးခြင်း မရှိကြောင်း သိရသည်။

အလားတူ ဧပြီလ ၂၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်ကလည်း မြိတ်မြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ ကျောပိုးအိတ်လွယ်ပြီး လမ်းမကြီး အတိုင်း လမ်းလျှောက်လာသည့် အမျိုးသား ၂ ဦးကို ပဝတ်ကုန်းရွာ၌ တပ်စွဲထားသော စစ်သားများက အကြောင်းမဲ့ ပစ်ခတ်ခဲ့ပြီး ၁ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ကျန် အမျိုးသား ၁ ဦးသည် လက်မောင်းနှင့် ဝမ်းဗိုက်တို့၌ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ပြီး ထွက်ပြေး၊ လွတ်မြောက် သွားကြောင်း သိရသည်

” သေဆုံးသူ ၃ ဦးလုံးရဲ့ အမည်တွေတော့ မသိရသေးဘူး။ ၂၂ ရက်နေ့က သေဆုံးသူ ၂ ဦးက ကြဲရွာက သားအဖလို့ သိရတယ်။ ပဝတ်ကုန်းရွာမှာ ပစ်ခတ်ခံရတဲ့ ၁ ဦးလည်း အမည် မသိရသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article