37 C
Yangon

ပုသိမ်မြို့ရှိ ဒုတိုင်း ရဲတပ်ဖွဲ့မှူး နေအိမ်ကို ၂ ကြိမ် ဗုံးခွဲတိုက်ခိုက်

Must read

ပုသိမ်မြို့ရှိ ဒုတိုင်း ရဲတပ်ဖွဲ့မှူး နေအိမ်ကို ၂ ကြိမ် ဗုံးခွဲတိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၃

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်၊ ထောင်ကုန်းလမ်းနှင့် သစ္စာလမ်းထောင့်ရှိ ဒုတိုင်း ရဲတပ်ဖွဲ့မှူး နေအိမ်ကို ၂ ကြိမ်ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၂ ရက် ည ၈ နာရီ မိနစ် ၅၀ ခန့်နှင့် ည ၉ နာရီခန့်တို့တွင် ဒုတိုင်းရဲ တပ်ဖွဲ့မှူး ရဲမှူးကြီးနေအိမ်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ယင်း တိုက်ခိုက်မှုသည် နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှု အခြေအနေကို အတည် မပြုနိုင်သေးဘဲ လူနာတင်ကား ၁ စီး ဝင်ရောက်သွားသည်ကိုသာ အတည်ပြုနိုင်သေးကြောင်း သိရသည်။

“ပထမတစ်ကြိမ်ဗုံးကွဲပြီးကတည်းက အဝင်၊ အထွက် ၃ လမ်းရှိတယ်၊ အဲဒါကို ပိတ်လိုက်တဲ့ အတွက် အတည်ပြုလို့မရဖူး၊ အခုတိုက်ခိုက်ခဲ့တဲ့နေရာကလည်း တကယ့်မိန်းနေရာလိုဖြစ်နေတာ၊ သူနဲ့ ကပ်လျက်မှာ စစ်သားစုဆောင်းရေးရုံးခန်းရှိပြီးတော့ သူနဲ့မျက်နှာချင်းဆိုင်မှာက ခရိုင်ရဲမင်းကြီးရှိတယ်၊ သူ့ရဲ့ဘေးစပ်မှာလည်း ခရိုင်အဆင့်ရဲအရာရှိတွေနေတဲ့နေရာဖြစ်နေတယ်၊ သတင်းတွေ ထိန်ချန်မှုတွေလည်း ပြုလုပ်တဲ့အတွက် စုံစမ်းလို့မရသေးဘူး၊ ဗုံးကွဲပြီးနတော့ လူနာတင်ကားတစ်စီးဝင်သွားတာတော့ အ တည်ပြုလို့ရတယ်” ဟု ဟု ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဧရာဝတီတိုင်းအတွင်းရှိ အကြမ်းဖက်စစ်တပ်၊ လက်အောက်ခံနှင့်ထောက်တိုင်များအနေဖြင့် မည်သည့် နေရာမှ လုံခြုံမှုမရှိတော့သည်ကို သိရှိစေရန်၊ တော်လှန်ရေးအင်အားစုများမှ ဟန်ချက်ညီညီ မစ်ရှင်များ ချိတ်ဆက်ဖော်ဆောင်နေသည်ဟု မိဘပြည်သူများအား အသိပေးကြေညာအပ်ကြောင်း ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး ဌာနက အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article