33 C
Yangon

ပေါက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး သေဆုံး၊ သရက်ချောင်းတွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ပေါက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး သေဆုံး၊ သရက်ချောင်းတွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၃၀

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ လယ်အိုကျေးရွာ အနီး တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ယင်းမာပင် ခရိုင်တပ်ရင်း ၂၀၊ ရိုးမရာဇာ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၄ ရက်နေ့နံနက် ၇ နာရီခန့်က ပေါက်မြို့နယ်၊ လယ်အိုကျေးရွာအနီးသို့ စစ်ကြောင်းထိုးဝင် ရောက်လာသော အ ကြမ်းဖက်စစ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၇ မိနစ်ခန့်ဖြစ်ပြီး အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးကာ နှစ်ဦးအပြင်း အ ထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်း တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများ ကျကျန်ခဲ့သော ကျည် ဘောက်တစ်ခုနှင့် ကျည်များသိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

“လယ်အိုကျေးရွာအနီးတိုက်ပွဲမှာ စစ်ခွေး တစ်ကောင်သေတယ်၊ ၂ ကောင်က လည်ပင်း တစ်ကောင်နဲ့ ရင် အုပ် ၁ ကောင်ထိသွားတာ၊ ကယ်ထုတ်သွားလို့ သေ ၊ မသေမသိရဘူး၊ အဲနေ့က မနက် ၁၀ နာရီ လောက်မှာ ဂျက်ဖိုက်တာနဲ့ ကင်းထောက်ပြီး ၁၁ နာရီ လောက်မှာ လယ်အိုကျေးရွာနဲ့ လယ်မကျေး ရွာကို MI 35 နဲ့ ၄၅ မိနစ်လောက် ပစ်သွားတယ်၊ နေ့လည် ၁ နာရီလောက်မှာလည်း ဗိုလ်စကား ပြောက် ကျားတပ်ဖွဲ့စခန်းတစ်ခုကို ဗုံးကျဲခဲ့သေးတယ်” ဟု ယင်းမာပင် ခရိုင်တပ်ရင်း ၂၀၊ ရိုးမရာဇာ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်းအမှတ်၂၀ ရိုးမာရာဇာ၊ Black Heroes Column (ဗိုလ်စ ကားပြောက်ကျားတပ်ဖွဲ့၊ God Of Myaing ၊ Pale People’s Defence Forces – Headquarters)၊ People Revolution Army ၊ယင်းမာပင်ခရိုင်တပ်ရင်း (၈)၊တပ်ရင်း(၁၂)၊ ပခုက္ကူခရိုင်တပ်ရင်း(၁)၊ တပ်ရင်း(၂)နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း နယ်​မြေခံ သတင်း ရင်းမြစ် များထံမှ သိရသည်။

ဧပြီလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် မဲနယ်အိုးကျေးရွာ၏ စစ်တပ်ခန့် ရပ်ကျေး အုပ်ချုပ်ရေးမှူး စံညွန့်သည် ထားဝယ်-သရက်ချောင်း ကားလမ်းပိုင်းရှိ ပန်းပြင်ရွာ ဘိလိယက်ခုံတွင် ရှိနေစဥ် အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေနတ်ကျည် ၅ ချက် ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article