33 C
Yangon

ဖားကန့်တွင် Happy KTV တွင် ပျော်ပါးနေသည့် ဗိုလ်မှူးဇော်မောင်နှင့် အပေါင်းအပါများ ပစ်ခတ်ခံရပြီး ၅ ဦးသေဆုံး

Must read

ဖားကန့်တွင် Happy KTV တွင် ပျော်ပါးနေသည့် ဗိုလ်မှူးဇော်မောင်နှင့် အပေါင်းအပါများ ပစ်ခတ်ခံရပြီး ၅ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်တွင် ဖွင့်လှစ်ထား သော Happy KTV တွင် ပျော်ပါးနေသည့် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး ဇော်မောင်နှင့် အပေါင်း အပါများ ပစ်ခတ်ခံရပြီး ၅ ဦးသေဆုံးကြောင်း KIA သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

ဧပြီလ ၂၂ ရက်နေ့ ညပိုင်း ဗိုလ်မှူးဇော်မောင်(ခ) ဇော်မှိုင်း၊ ဗိုလ်မှူးဇော်မောင် ၏ ရည်းစား မမီးမီး၊ ရဲဝန်ထမ်း ကိုလတ်၊ လုံးခင်းကျောက်စိမ်း ခရိုနီ ကိုဘတုတ်၊ ကျောက်သမား ကိုကျော်စိုး ၊ ရဲဝန်ထမ်း ကိုလတ်၏ အမျိုးသမီး တို့ က Happy KTV စားသောက်ပျော်ပါးနေကြစဉ် KIA နှင့် PDF တပ်များ က ဝင် ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် ရဲဝန်ထမ်း ကိုလတ်မှ လွဲ၍ ကျန် ၅ လုံး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဗိုလ်မှူးဇော်မောင် အပါအဝင် ၅ ဦးသေဆုံးတာတော့ အတည်ပြုလို့ရပါပြီ။ သူတို့နဲ့ ကျောက်သမားတွေနဲ့ တွေ့ကြတာပါ။ ရဲဝန်ထမ်း ကိုလတ်ကတော့ မသေသေးပါဘူး” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

သေဆုံးသွားသူ ဗိုလ်မှူး ဇော်မောင်(ခ) ဇော်မှိုင်းသည် တပ်မ ၃၃ လက် အောက် ခံ တပ်ရင်း တပ်ခွဲမှဖြစ်ပြီး ကျောက်သမားများနှင့် ပူးပေါင်းကာ စီးပွားရှာ နေသူဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပစ်ခတ်မှုကြောင့် သေဆုံးသူ ဗိုလ်မှူးဇော်မောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article