32.1 C
Yangon

ဖောင်းပြင်၊ ဆယ်ချောင်းရွာရှိ ပျူစောထီး စခန်းကို ဝင်ရောက် တိုက်ခိုက်မှု ပျူစောထီး ၇ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်း ရရှိ

Must read

ဖောင်းပြင်၊ ဆယ်ချောင်းရွာရှိ ပျူစောထီး စခန်းကို ဝင်ရောက် တိုက်ခိုက်မှု ပျူစောထီး ၇ ဦးသေဆုံးပြီး သေနတ် ၅ လက် သိမ်းဆည်း ရရှိ

ရန်ကုန်၊ ဧပြီလ ၂၉

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ဆယ်ချောင်းရွာပျူစောထီးစခန်းကို ဝင်ရောက် တိုက် ခိုက်ခဲ့ရာ ပျူစောထီး ၇ ဦးသေဆုံးကြောင်း မော်လိုက်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း ၁ တပ် ရင် မှူးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၈ ရက် နံနက် ၅ နာရီခွဲခန့်က ဆယ်ချောင်းကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစေားထီး ၇ ဦးသေဆုံးပြီး တူမီး ၂ လက်ရတယ်၊ အန္ဒိယ တစ်ထောင့်ထိုး ၂ လက်နှင့် ကာဘိုင်တစ်လက်သေနတ် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ဆယ်ချောင်းရွာနားက ပျူစောထီးစခန်းကို ဝင်တိုက်တာ၊ ပျူစောထီး ၇ ယောက် သေတယ်၊ တူမီး ၂ လက်ရတယ်၊ အန္ဒိယ တစ်ထောင့်ထိုး ၂ လက်ရတယ်၊ ကာ ဘိုင်တစ်လက်ရတယ်၊ မနက် ၅ နာရီခွဲ လောက်ကနေ ၉ နာရီလောက်အထိပဲ ဖြစ်ခဲ့တာ၊ ကျနော်တို့ ဆက်တက်မလို့ ပြန်ဆုတ်လာခဲ့တာ” ဟု မော်လိုက်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်း ၁ တပ်ရင်းမှူးမှ ရန်ကုန်ခေတ်သစ် သတင်းဌာနထံ သို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၂၉ ရက် နံနက်ပိုင်းတွင် ဟုမ္မလင်း၊ ဖောင်းပြင်အစပ်ရှိ ပြည်သူ့စစ်စခန်းတစ်ခုကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တစ်ခုမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အထိနာပြီး အကြမ်းဖက်စစ်တပ်မှ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article