31 C
Yangon

မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံ လျှပ်စစ်ကားနှင့် ဆိုလာလျှပ်စစ်ပ စ္စည်း များ အစုလိုက် အပြုံလိုက် တင်သွင်းရောင်းချ

Must read

မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံ လျှပ်စစ်ကားနှင့် ဆိုလာလျှပ်စစ်ပ စ္စည်း များ အစုလိုက် အပြုံလိုက် တင်သွင်းရောင်းချ

ရန်ကုန်၊ ဧပြီ ၂၇

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက အခြားလူများ၏ အမည်ခံ၍ လည်း ကောင်း၊ အမျိုးအမည်မတူသော ကုမ္ပဏီများ တည်ထောင်၍ လည်းကောင်း လျှပ်စစ်ကားနှင့် ဆိုလာ လျှပ်စစ်ထုတ် ပစ္စည်းများ အစုလိုက်အပြုံလိုက် တင်သွင်းရောင်းချနေကြောင်း ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ပြည်တွင်းသို့ လျှပ်စစ်ကားတင်သွင်းမှုကို အခွန် သက်သာခွင့်နှင့် လျှပ်စစ်ဓာတ်အားထုတ်နိုင် သည့် ဆိုလာပစ္စည်းများကို အခွန် ကင်း လွတ်ခွင့် အခွင့်အရေးများ ခွင့်ပြုထားပြီး ယင်းအခွင့်အရေးများကို သားဖြစ် သူ အောင်ပြည့်စုံက အသုံးချ၍ လျှပ်စစ်ကားတင်သွင်းရောင်းချခြင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် ဆိုလာပစ္စည်းများ တင်သွင်းရောင်းချ သည့် လုပ် ငန်းများကို အကြီးအကျယ် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရှိရ သည်။

“EV ကားထုတ်လုပ်ရေး တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ BYD ကုမ္ပဏီကို မင်းအောင်လှိုင်သား အောင်ပြည့်စုံက မြန်မာနိုင်ငံ တစ်ဦးတည်း Dealer အဖြစ်ယူထားပါတယ်။ ကုမ္ပဏီကိုတော့ တစ်ခြားသူ နာမည်နဲ့တည် ထောင် ထားပါတယ်။ တစ်ခြား တည်ထောင်ထားတဲ့ EV ကားကုမ္ပဏီ များစွာ လည်းရှိပါသေးတယ်။ ပြည်သူတွေကိုမီးဖြတ်ပေမယ့်သူတို့၊ EV ကားတွေကိုတော့ လိုင်းပေါ်မှာ ၅၀၀၀ စား ဘောမတွေနဲ့ အလုံးလိုက် အရင်းလိုက် လှော်ခိုင်းနေပါတယ်။ တခြား စီးပွားရေးတွေပိတ်ဆို့နေပေမယ့် EV ကားတင်သွင်းခွင့်နဲ့ စီးပွားရှာလာပြန်ပါတယ်။ မင်းအောင်လှိုင် သား အောင်ပြည့်စုံရဲ့ EV ကားတွေကို သပိတ်မှောက်ဖို့လိုပါတယ်” ဟု ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ပြောသည်။

အလားတူ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သော ဆိုလာပြားများနှင့် ဆိုလာဆက်စပ်ပစ္စည်းများကို မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံကို အကြီးအကျယ် တင်သွင်းလျက်ရှိကြောင်း သိရှိရသည်။

“ဆိုလာပစ္စည်းတွေလည်း အောင်ပြည့်စုံရဲ့ ကုမ္ပဏီတွေက တင်သွင်းရောင်းချ တာတွေလုပ်နေတယ်။ ပမာဏ ကြီးကြီးများများကိုသွင်းနေတာ။ အဖေက မီးဖြတ်၊ သားက ဆိုလာပစ္စည်းတွေ တင်သွင်း ရောင်းချနေတယ်” ဟု အောင်ပြည့်စုံနှင့်ဆက်စပ်သော စီးပွားရေးသမားတချို့က ဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ဧပြီလ ၂၀ ရက်နေ့တွင် ပြည်တွင်းတွင် လျှပ်စစ် ဓာတ်အား လုံလောက်စွာ ရရှိရေးအတွက် ဆိုလာနှင့် ဆက်စပ် ပစ္စည်းကို ပြည်ပမှ တင်သွင်းမည်ဆိုပါ မည်သည့် ငွေကြေးမှ ပေးဆောင်ရန် မလိုဘဲ အခွန်ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

အောင်ပြည့်စုံသည် တပ်တွင်း ဆောက်လုပ်ရေးတင်ဒါများ၊ ရန်ကုန်၊ မန္တလေးရှိ အချက်အချာကျ နေရာများရှိ အစိုးရ အဆောက်အအုံ တင်ဒါများ အပါအဝင် စစ်တပ်နှင့်အရပ်ဘက် လုပ်ငန်းတင်ဒါများကို ဖခင် မင်းအောင်လှိုင်ထံမှ ရရှိနေခြင်းဖြစ်ကြောင်း၊ မြန်မာပြည်၏ နံပါတ် တစ်ထိပ်တန်း ချမ်းသာသူ စာရင်းတွင် အောင်ပြည့်စုံက ထိပ်ဆုံးမှ ပါဝင်နေကြောင်း ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article