30 C
Yangon

မတ္တရာမြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

မတ္တရာမြို့ပေါ်ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၁

မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ ရဲစခန်း၊ ထွေအုပ်ရုံးတို့ကို ဒရုန်း ဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ သို့ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၀ ရက် နေ့လည် ၁၂ နာရီခန့်က အဆိုပါရဲစခန်းနှင့် ထွေအုပ်ရုံးအား ဒရုန်း ၃ စီးဖြင့် ဗုံး သီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ရာသီဥတုအခြေအနေ လေတိုက်နှုန်းပြင်းထန်နေမှုတို့ကြောင့် နှစ်လုံးသာ ပစ်မှတ်နေရာကို တိုက်ရိုက်ထိမှန်ခဲ့ကြောင်း၊ ကျန်တစ်လုံးမှာ အနီးရှိဆေးရုံ ရင်ခွဲရုံပေါ်သို့ ကျရောက် ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။

“ရဲစခန်းရယ်၊ ထွေအုပ်ရုံးရယ်၊ ဆေးရုံရယ်က ၃ ပွင့်ဆိုင်ပုံစံရှိနေတာ၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းနဲ့ စစ်ခွေးတွေရဲ့ Jummer တွေ ကြောင့် အခက်အခဲဖြစ်လို့ အလွဲအမှားဖြစ်သွားတာ၊အဲဒီအတွက်လဲ မိဘ ပြည်သူတွေကို တောင်းပန်ပါတယ်ဗျ၊ လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။”ဟု ယူနီကွန်းပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါဗုံးကျဲမှုကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့နှင့် စိန်ပန်းနီနီ ဒရုန်းအဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ဗုံး ကျရောက်ပေါက်ကွဲပြီးနောက် အကြမ်းဖက်စစ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ကာ လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများ ထိခိုက်သေ ဆုံးမှု ရှိသည်ဟု ကနဦးကြားသိရသော်လည်း အတိအကျမသိရသေးကြောင်း ယူနီကွန်းပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ နေရာများကို စစ်ဆင်ရေး အဆက်မပြတ်ဖော် ဆောင်သွားမည်ဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်သား၊ တပ်စွဲထားရာနေရာ၊ ရုံး၊ စခန်းများနှင့် ဝေးဝေးရှောင်ရှားနေထိုင်ကြစေလိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက် တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article