27 C
Yangon

မန္တလေး၊ အိုးဘိုထောင်အတွင်း အကျဥ်းသားများ အပူဒဏ် အပြင်းအထန် ခံစားနေရပြီး လူသေဆုံးမှု ရှိသည်ဟု ပြောဆို

Must read

မန္တလေး၊ အိုးဘိုထောင်အတွင်း အကျဥ်းသားများ အပူဒဏ် အပြင်းအထန် ခံစားနေရပြီး လူသေဆုံးမှု ရှိသည်ဟု ပြောဆို

ရန်ကုန်၊ ဧပြီ ၂၃

မန္တလေး၊ အိုးဘိုထောင်အတွင်း အကျဥ်းသားများ အပူဒဏ် အပြင်းအထန် ခံစားနေရပြီး လူသေဆုံးမှုရှိကြောင်း အိုးဘိုထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

အိုဘိုထောင်အတွင်း ပူပြင်းသည့် နွေရာသီအချိန်တွင် အဆောင်တစ်ခန်းလျှင် လူဦးရေ ၉၀ ကျော်အထိ ထားပြီး နေ့စဉ် သောက်ရေ သုံးရေ အပြင် အိမ်သာရေ ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရကြောင်း၊ အပူဒဏ်ကြောင့် အကျဉ်းသူ အကျဉ်းသား အများစုမှာ မူးမော်နေမှုများ ခံစားနေရပြီး ဆေးကုသပေးသည့် ဆေးဝါးများမှာလည်း ထိရောက်မှုမရှိဘဲ အပေါစားဆေးများကိုသာ အသုံးပြုသောကြောင့် လူ သေဆုံးမှုများ ရှိကြောင်း သိရသည်။

“မီးဖျက်မှုတွေလည်း ကြုံတွေ့နေရပါတယ်။ နေ့လယ် ၁၁ နာရီ တန်းပိတ်ပြီဆို မီးဖျက်ပြီး နေ့လယ် ၂ နာရီအထိ အခန်းထဲ ပိတ်ထားပြီး အပူဒဏ်ခံစားနေရကြရပြီ။ သွပ်မိုး မျက်နှာဂျက် မပါရှိဘဲ ကြမ်းပြင်များပါ ပူနေတဲ့ အခန်းထဲမှာ ရည်ရွယ်ချက်ရှိရှိ နှိပ်စက် အနိုင်ကျင့် အာဏာသုံးကြပါတယ်။ ကျားဆောင်မှာ ၃ လပိုင်းမှာ ၃ ယောက် သေဆုံးပါတယ်။ သေဆုံးတဲ့ ရောဂါမရှိဘဲ မိန်းကလေးဆောင်မှာ ၂ ဦး၂ ၄ လပိုင်းထဲမှာ သေဆုံးပါတယ်” ဟု အိုးဘိုထောင်နှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ‌ပြောကြားသည်။

အကျဉ်းထောင်အတွင်း မီးစက်နှင့် ရေတင်ရသည့်အခါမျိုးတွင်လည်း ဓာတ်ဆီဖိုးများကို အကျဉ်းသူ အကျဉ်းသားများထံမှ တောင်းခံနေကြောင်း ၊ သင်္ကြန်းတွင်း မုန့်များကို ကုသိုလ်ပြုကြရာတွင်လည်း အကျဉ်းသူ အကျဉ်းသားများ၏ ငွေကို အလှူခံပြီး ၁ ဦးလျှင် အနည်းဆုံး ၁၀,၀၀၀ ကျပ် အထက် ထည့်ဝင်ကြရကြောင်း သိရှိရသည်။

ထို့ပြင် သင်္ကြန်မတိုင်ခင်ချိန်တွင်လည်း ဘုန်းကြီး အတု ၊ မယ်သီလရှင်အတု ၃ ဦး အကျဉ်းသူ အကျဉ်းသားများ အလုပ်လုပ်သည့် အခန်းသို့ ဝင်လာပြီး ဒေါ်အောင်ဆန်းစုကြည် မဲခိုး၍ တိုင်းပြည်ပျက်နေသည်ဟူ၍ လာရောက် ဟောပြောသွားကြောင်း၊ အကျဉ်းထောင်ထဲ နေရသည်မှာ လုံခြုံမှု ရှိပြီး လိမ်လိမ်မာမာနေရန်နှင့် ၎င်းတို့ လက်ခုတ်ထဲမှ ရေဖြစ်သည့် အကြောင်းများပါ ပြောဆိုသွားကြောင်း အိုးဘိုအကျဉ်းထောင်နှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article