31.9 C
Yangon

မိုးကောင်းမြို့ တံတားထိပ်ရှိ စစ်တပ် စခန်းကို ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

မိုးကောင်းမြို့ တံတားထိပ်ရှိ စစ်တပ် စခန်းကို ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဧပြီ ၂၆

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တံတားထိပ်ရှိ အကြမ်းဖက်စစ်တပ် စခန်းကို ဒရုန်းဖြင့် ၄ ကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှု ရှိကြောင်း မိုးကောင်းဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ဧပြီလ ၁၅ ရက်နေ့ နေ့လည် ၂ နာရီခန့်က အဆိုပါ စစ်သား၊ ရဲနှင့် ပြည်သူ့စစ်များရှိသည့် စစ်ဆေးရေးဂိတ်ကို မိုးကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (KPDF-Mogaung) မှ ဒရုန်းဖြင့် ၂ ကြိမ်၊ ဧပြီလ ၂၃ ရက်နေ့တွင် တစ်ကြိမ်၊ ဧပြီ လ ၂၅ ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်း ၄ ကြိမ် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သား၊ ရဲနှင့် ပြည်သူ့စစ်များ ထိခိုက် သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုတော့ရှိပါတယ်၊ အတိအကျ စာရင်းလိုက် စုံစမ်းမရအောင်ကို ပိတ်ထားတာ၊ စကခ ၃ နဲ့ နီးတော့ အထက်က အမိန့်ကိုချက်ချင်းချပြီး အားလုံးကို ပိတ်ထားတာကြောင့် စုံစမ်းမရဖြစ်နေပါ တယ်၊ တိုက်ခဲ့တဲ့နေရာက စကခ ၃ ကနေ လှမ်းမြင်နေရတဲ့ နေရာပါ” ဟု မိုးကောင်းဒေသပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့မှ တာ ဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော ဂိတ်သည် မြစ်ကြီးနားတက်သည့်လမ်းပေါ်၌ တည်ရှိပြီး လမ်းဘေး ဝဲယာတလျှောက်တွင် ၃၈၁ တပ်၊ ၃၈၂ တပ်၊ ၃၉၀ တပ်၊ စကခ ၃ ကုန်းနှင့် တဆက်တည်းတည်ရှိ ကြောင်း သိရသည်။

ယခုအချိန်မှစ၍ မြို့တွင်း စစ်ဆင်ရေးများကို ယခင်ထက် ပိုမိုတိုးချဲဆောင်ရွက်သွားမည်ဖြစ်ပြီး မိဘပြည် သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ အကြမ်းဖက်စစ်ကောင်စီတပ် ဖွဲ့ဝင်များ အနီးအနားကို သွားလာခြင်းမပြုရန်၊ သတိပေးချက်အား လိုက်နာခြင်းမရှိပါက တာဝန်မယူ ကြောင်း မိုးကောင်းဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article