28 C
Yangon

မြဝတီမြို့ အနီးတဝိုက် တိုက်ပွဲများအတွင်း စစ်သား ၉ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၄ ဦးကျဆုံး၊ ရေစကြိုတွင် စစ်ကြောင်းကို ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

မြဝတီမြို့ အနီးတဝိုက် တိုက်ပွဲများအတွင်း စစ်သား ၉ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၄ ဦးကျဆုံး၊ ရေစကြိုတွင် စစ်ကြောင်းကို ဗုံးကျဲတိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၃

ကရင်ပြည်နယ်၊ မြဝတီမြို့ အနီးတဝိုက် တိုက်ပွဲများအတွင်း စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း Cobra Column ထံမှ သိရသည်။

ဧပြီလ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က နံနက် ၇ နာရီ ၃၀ မိနစ်၌ Jet Fighter ဖြင့် Caster ဗုံး ၅ ကြိမ် ပစ်ခတ်ခဲ့ပြီး အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးခဲ့ကြောင်း၊ နံနက် ၁၁ နာရီခွဲတွင်မူ Mi 35 ၁ စင်းဖြင့် မိနစ် ၃၀ ခန့် ပျံဝဲ၍ Rocket ၊ စက်လက်တို့ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် Jet Fighter ဖြင့် ထပ်မံ ဗုံးကျဲခဲ့ပြီး မွန်းလွဲ ၂ နာရီ ၃၀ မိနစ်နှင့် ည ၁၂ နာရီခွဲတွင် Jet Fighter ဖြင့် ၁ ကြိမ် ထပ်မံ ဗုံးကျဲခဲ့ခြင်းခဲ့ကြောင်း သိရသည်။

ယင်းနေ့ ထိတွေ့တိုက်ပွဲများအတွင်း စစ်သား ၆ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၄ ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၁၃ ရက်နေ့ကလည်း ကျောက်မိုင်း BGF စခန်းကုန်းကို တော်လှန်ရေး ရဲဘော်များက Sniper ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော ​သေကြောင့် စစ်ကောင်စီ လက်အောက်ခံ ၃ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီ ဘက်မှ လက်နက်ကြီးဖြင့် တစ်နေကုန် ပစ်ခတ်ခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန် ထားသည်။

ထို့ပြင် ရေစကြိုမြို့နယ် ဇီးကုန်းရွာနှင့် ဇီးကုန်းကျွန်းရွာအကြားတွင် ဧပြီလ ၈ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် အင်အား ၂၀ ခန်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရေစကြို တော်လှန်ရေး အင်အားစုများက Derone ဖြင့် အီနာဂါ ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရေစကြို တော်လှန်ရေး အင်အားစုများထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article