30 C
Yangon

မြိုင်မြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီးများကို PDF တပ်များက စုပေါင်းတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

မြိုင်မြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီးများကို PDF တပ်များက စုပေါင်းတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၃၀

မကွေးတိုင်း၊ မြိုင်နှင့် ပေါက်မြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီးများကို PDF တပ်များက စုပေါင်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့မှ ဧပြီလ ၂၉ ရက်နေ့အထိ မြိုင်မြို့နယ်၊ သရက်ကန်ပျူစောထီးများသည် စခန်းအတွင်းတွင် မနေဘဲ နေအိမ်များတွင် ဖြန့်ကြက်နေကြောင်း ဖရဲသီး၏သတင်းပေးချက် ရရှိသဖြင့် PDF တပ်များက ဒရုန်းဖြင့် ဗုံး ကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းဗုံးကျဲမှုကြောင့် စစ်တပ်ဘက်မှ တပ်ကြပ် ၁ ဦး၊ စစ်သင်တန်းတက်နေသော ပျူစောထီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ တပ်ရင်း၁ – တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ (ဂဠုန်) ၊ ဧရာအနောက်တပ်ဖွဲ့တို့က ပူးပေါင်းဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၂၉ ရက်နေ့တွင် မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ် ဖလန်ကိုင်းရေနံမြေသို ပြန်လည်ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို PDF တပ်များက လိုက်လံတိုက်ခိုက်ရာတွင် စစ်သား ၂ ဦးသေဆုံးပြီး စစ်သား ၅ ဦး ဒဏ်ရာရရှိသွားကြောင်း၊ စစ်ဆင်ရေးတိုက်ခိုက်မှုတွင် ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များ မြိုင်ပကဖအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article