36 C
Yangon

မြ၀တီကုန်သွယ်ရေးဇုန်တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတိုးချပြီး စစ်တပ်နှင့်ရဲက လာသမျှ ကားတိုင်းကို ဆက် ကြေးကောက်

Must read

မြ၀တီကုန်သွယ်ရေးဇုန်တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတိုးချပြီး စစ်တပ်နှင့်ရဲက လာသမျှ ကားတိုင်းကို ဆက် ကြေးကောက်

ရန်ကုန်၊ ဧပြီ ၂၉

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီကုန်သွယ်ရေးဇုန်တိုက်ခိုက်ခံရပြီးနောက် လုံခြုံရေးတိုးချပြီး စစ်တပ်နှင့်ရဲက လာသမျှ ကားတိုင်းကို ဆက် ကြေးကောက် နေကြောင်း ကားသမားများနှင့်ဒေသပြည်သူများက ပြောဆိုကြသည်။

မတ်လ ၂၅ ရက်နေ့တွင် ကော်ဘရာစစ်ကြောင်း ဦးဆောင်သော မဟာမိတ် တပ်များက မြ၀တီကုန်သွယ်ရေးဇုန်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ ကြောင်း၊ မြ၀တီ ကုန်သွယ်ရေးဇုန်တွင် ရဲ ၈ ဦး သေဆုံးကြောင်း၊ ရဲ ၇ ဦးနှင့် မိသားစုဝင် ၁ ဦးကို ဖမ်းဆီး ရမိကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ မြ၀တီကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက မြ၀တီ ကုန်သွယ်ရေးဇုန်တွင် လုံခြုံရေး အများအပြားချထားကြောင်း၊ အဆိုပါ တာဝန် ချထားသည့် စစ်ကောင်စီတပ်၏ စစ်သားနှင့်ရဲများက ဖြတ်သန်းသွားလာသည့် ကားမှန်သမျှကို ဆက်ကြေးများ တောင်းခံကြကြောင်း သိရှိရသည်။

“မြဝတီ ကုန်ဇုန် အဝင်အထွက်နှင့် အာရှလမ်းမကြီး ဇုန်အဝင် မဲကနယ် တံတား ထိပ်၊ အထွက် ရွှေမြစန္ဒီ လမ်းထိပ်မှာ စစ်တပ် ၊ ရဲ နှင့် BGFတွေ ပုံစံမျိုး စုံ အရပ်ဝတ်နဲ့ တစ်မျိုး၊ BGF ယူနီဖောင်းတွေနဲ့ပါ ရှိနေကြတာ။ အဲဒီလူတွေ အားလုံးက ဆက်ကြေးတောင်းနေတာ” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

မြ၀တီကုန်သွယ်ရေးဂိတ်တွင် စစ်တပ်နှင့်ရဲများ ချပြီး ဂိတ်ကြေးများ တောင်းခံကြောင်း၊ ဖားချောင်း မဲကနယ်တံတားထိပ်မှ ရွှေမြစန္ဒီ အထိ ‌မီတာ ၅၀၀ အတွင်းပင် ဂိတ် ၅ ခုထားရှိကာ စစ်တပ်နှင့်ရဲက ဆက် ကြေး ကောက်ခံ လျက်ရှိကြောင်း၊ ပြည်သူ့ ချွေနည်းစာကို စစ်တပ် နှင့်ရဲများက မတရား လက်နက် ပြ အနိုင်ကျင့် တောင်းယူနေကြောင်း ဒေသပြည် သူများက ဆိုကြသည်။

ဓာတ်ပုံ- မြ၀တီကုန်သွယ်ရေးဇုန်ထိပ်တွင် ဂိတ်ချ ဆက်ကြေးကောက်ခံ နေသည့် အကြမ်းဖက်ရဲနှင့်စစ်သားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article