33 C
Yangon

မြ၀တီမြို့နယ်တွင် တိုက်ပွဲအကြီးအကျယ်ဖြစ်နေပြီး လက်နက်ကြီးသံများနှင့် ပစ်ခတ်သံများ တောက်လျှောက် ထွက်ပေါ်နေ

Must read

မြ၀တီမြို့နယ်တွင် တိုက်ပွဲအကြီးအကျယ်ဖြစ်နေပြီး လက်နက်ကြီးသံများနှင့် ပစ်ခတ်သံများ တောက်လျှောက် ထွက်ပေါ်နေ

ရန်ကုန်၊ ဧပြီ ၁၉

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ယနေ့ နံနက်ပိုင်း တိုက်ပွဲအကြီးအကျယ် ဖြစ်နေ ပြီး လက်နက်ကြီးသံများနှင့် ပစ်ခတ်သံများ တောက်လျှောက် ဆိုသလို ထွက်ပေါ်နေကြောင်း မြ၀တီဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်မှစတင်၍ ပစ်ခတ်သံများ ဆက်တိုက်ကြားနေရခြင်းဖြစ်ပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေသည့် သဘောဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခုမနက်စောစော ကတည်းက မြဝတီဘက်မှာသေနတ်သံတွေ ကြားနေရ တယ်။ အဆက်မပြတ်ပဲ။ မဲဆောက်ကမ်းနဖူးကတောင် အကုန်ကြားနေရတယ်။ စက်သေနတ်သံတွေရော၊ လက်နက်ကြီး ပစ်ခတ်သံတွေရော၊ ပေါက်ကွဲသံ တွေရောပဲ။ ဆက်တိုက်ပဲကြားနေရတာ” ဟု မဲဆောက်-မြ၀တီ နယ်စပ်အနီး နေထိုင်သူ တစ်ဦးက ပြောဆိုသည်။

မြ၀တီမြိုု့နယ်တွင် စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်များနှင့် PDF ၊ KNLA အပါအဝင် မဟာမိတ်တပ်များနှင့် တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွား လျက် ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- မြ၀တီမြို့နယ်တွင် ယမန်နှစ် စစ်တပ်နှင့် BGF များ ပူးပေါင်းကင်း လှည့် ကြစဉ် ။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article