31.9 C
Yangon

မြ၀တီမြို့နယ်တွင် KNU ယူနီဖောင်းဝတ်၍ ပုံမှားရိုက်သော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ

Must read

မြ၀တီမြို့နယ်တွင် KNU ယူနီဖောင်းဝတ်၍ ပုံမှားရိုက်သော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီလ ၁၈

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီခရိုင်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ မဲက နယ် အတွင်းသို့ တင်ရောက် လာသောအကြမ်းဖက်စစ်သားများကို တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်း ဆည်း ရ ရှိခဲ့ကြောင်း VENOM Column စစ်ကြောင်းမှ သတင်းနှင့် ပြန်ကြား ရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၁၈ ရက် နံနက် ၆ နာရီခွဲခန့်က KNU ယူနီဖောင်းများ ဝတ်ဆင်ပြီး ပုံမှားရိုက်တာ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ကော်ဘရာစစ်ကြောင်း ၂ ၊ Venom PDF စစ်ကြောင်းမှ တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ်သား ၂ ဦးသေဆုံးပြီး ၄၀ မမ တစ်လက်၊ AK သေနတ် တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်နေတာက ရက်အနည်းလောက်ကြာနေပြီ၊ လက်နက်ကြီးနဲ့ ပစ် လိုက်၊ လေယာဉ်လာပစ် လိုက်၊ မြေပြင်ကနေ ထိုးဖောက်ဖို့ ကြိုးစားလိုက်နဲ့ လုပ်နေတာ၊ ဘယ်လိုမှ မထိုးဖောက်နိုင်တော့ ဒီမနက် ပုံမှားရိုက်ပြီး ထိုးတက် လာလို့ တိုက်ပွဲဖြစ်ခဲ့တာ၊ အခုလည်း တိုက်ပွဲဖြစ်နေတုန်းပဲ” ဟု Venom Column မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။

လက်ရှိ မဲကနယ်ဒေသ အတွင်း ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်တာဘော၏ ဦးဆောင် မှု ဖြင့် ကော်ဘရာစစ် ကြောင်း ၂ Venom PDF တပ်ဖွဲ့က ခုခံတိုက် ခိုက်နေ ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article