26 C
Yangon

ယခုနှစ်ဆန်းပိုင်းကာလ စစ်ကောင်စီ တပ်စခန်း ၄၄ ခု သိမ်းပိုက်နိုင်ခဲ့ပြီး လေ တပ် စခန်း၊ လက်နက်စက်ရုံ၊ ဌာနချုပ် စခန်းများကို တိုက်ခိုက်နိုင်ခဲ့ဟု NUG ကြေညာ

Must read

ယခုနှစ်ဆန်းပိုင်းကာလ စစ်ကောင်စီ တပ်စခန်း ၄၄ ခု သိမ်းပိုက်နိုင်ခဲ့ပြီး လေ တပ် စခန်း၊ လက်နက်စက်ရုံ၊ ဌာနချုပ် စခန်းများကို တိုက်ခိုက်နိုင်ခဲ့ဟု NUG ကြေညာ

ရန်ကုန်၊ ဧပြီ ၂၇

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၂၆ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်စခန်း ၄၄ ခုကို သိမ်း ပိုက်နိုင်ခဲ့ပြီး လေတပ်စခန်း၊ လက်နက်စက်ရုံ၊ ဌာနချုပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် နှစ်စမှစတင်၍ ဗျူဟာမြောက် စစ်ရေးလှုပ်ရှားမှုများ နိုင်ငံအနှံ့ နေ့စဉ်ဖော်ဆောင်လျက်ရှိရာ ဇန်နဝါရီလ ၁ ရက်နေ့မှ ဧပြီလ ၂၆ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်စခန်း ၄၄ ခုကို သိမ်းပိုက်နိုင်ခဲ့ ကြောင်း၊ လေတပ်စခန်း ၆ ခု၊ လက်နက်စက်ရုံ ၉ ခု၊ အကြမ်းဖက်စစ်တပ် ဌာနချုပ်စခန်း ၁၁ ခုကို တိုက် ခိုက်ခဲ့ကြောင်းသိရသည်။

အာဏာရှင် နိဂုံး ၂၀၂၃ ဆိုသည့် ကြွေးကြော်သံအညီ စနစ်တကျ စီမံညှိနှိုင်း ပြင်ဆင်ကာ တိုက်ပွဲခေါ်ခဲ့ ခြင်းဖြစ်ပြီး တော်လှန်ရေး အရှိန်အဟုန်ပြင်းပြင်းဖြင့် မောင်းနှင်နေကြာင်း၊ အကြမ်းဖက်စစ်တပ်က ပြည် သူ့အိုးအိမ်စည်းစိမ်များ၊ အသက်ခန္ဓာများကို ဖျက်ဆီးနေပြီး အကြမ်းဖက်စစ်အာဏာရှင်လက် အောက်မှ ရုန်းထွက်ကြမည့် ပြည်သူတို့၏ သံဓိဌာန်သည် ယိမ်းယိုင်သွားတော့မည်မဟုတ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“အသက်တွေရင်းပြီး တိုက်ပွဲတွေ အဆက်မပြတ် လုပ်ဆောင်နေပြီမို့ ပြည်သူတရပ်လုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် ပူးပေါင်း ကူညီပေးဖို့ အထူးတောင်းဆိုအပ်ပါတယ်။” မြင်းခြံခရိုင် တပ်ရင်း အမှတ် (၃) ရဲဘော်တစ်ဦးက ပြောဆိုထားသည်။

ယခုကဲ့သို့ တော်လှန်ရေးခွန်အားဖြည့်ပေးသည့်နေရာတွင် EOD Programs များမှာ အထူးအရေးပါပြီး အားဖြည့်ပါဝင် တော်လှန်ခဲ့ကြသော ပြည်သူတိုင်းကို လေးစားစွာ ဦးညွှတ်ရင်း လက်ရှိဖော်ဆောင်နေ သော Spring Inya Condo ကို ကြိုးစားဝယ်ယူကာ တော်လှန်ဘဏ္ဍာ ဖြည့်ဆည်းပေးကြရန် ထပ်မံ တိုက်တွန်း လိုကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article