38 C
Yangon

ရေစကြိုနှင့် မြိုင် မြို့နယ် တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးသေဆုံး

Must read

ရေစကြိုနှင့် မြိုင် မြို့နယ် တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၉

မကွေးတိုင်း၊ ရေစကြိုမြို့နယ်နှင့် မြိုင်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တက်ဘက်မှ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ၏ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရေစကြိုမြို့နယ်၊ ပခန်းကြီးကျေးရွာ ရဲစခန်းမှ ဖောကား ၂ စီးဖြင့် အကြမ်းဖက် စစ်ကောင်စီဝင် အင်အား ၆၀ ခန့်သည် ဧပြီလ ၂၄ ရက်နေ့တွင် ရှင်မတောင် တောင်ခြေရှိ ကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ဒေသခံ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊ အဆိုပါ စစ်‎ကြောင်းကို ဧပြီ ၂၄ ရက် နေ့လယ် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် မြေခဲတောင် ကျေးရွာနှင့် ကျောက်တံခါးကျေးရွာအကြား လမ်းပိုင်းတစ်နေရာတွင် ရေစကြိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – ရေစကြို(ပကဖ)က စီးနင်း တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဝင်များ ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပဒိုင်းတောအရှေ့ရွာမှ ထွက်လာသော စစ်ကောင်စီဝင်များသည် ဧပြီလ ၂၄ ရက် နံနက် ၆ နာရီခန့်တွင် လက်နက်ကြီး၊ လက်နယ်ငယ်များ ပစ်ဖောက်၍ ညောင်တွင်း ကျေးရွာအနီးသို့ ဝင်ရောက်ခဲ့ပြီး ညောင်တွင်းကျေးရွာရှိ ပြည်သူပိုင်နေအိမ် များကို အကြမ်းဖက် မီးရှို့ဖျက်စီးနေစဉ် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မြိုင် ပကဖ – တပ်ရင်း (၁) မှ အသင့်ထောင်ထားသော မိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင်များ ထိခိုက်သေဆုံးနိုင်ပြီး တော်လှန်ရေးရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင်နေအိမ် ၃၂ လုံး မီးလောင် ပြာကျခဲ့ကြောင်း၊ ထို့ပြင် ဧပြီလ ၂၄ ရက်နေ့၊ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မြိုင် ပကဖ – တပ်ရင်း (၁)၊ Pakokku Thurain အဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Earthquake People Defence Force၊ Royal Defence Force၊ Young Force – UG အဖွဲ့တို့ ပူးပေါင်းကာ Drone ဖြင့် အီနာဂါဗုံးသီးကို ၂၉ လုံး ဖြုတ်ချ၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့အခြေပြု စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ခြေကုပ် ယူထားသော မြိုင်ရဲစခန်းကို ဘာမဏီပြောက်ကျားတပ်ဖွဲ့၊ GOE အဖွဲ့၊ မြိုင်မြို့နယ်တွင်းရှိ ပကဖ များ နှင့် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ – မြိုင် ပကဖ တပ်ရင်း (၁) – တပ်ခွဲ(၃) တို့ ပူးပေါင်းကာ ရဲစခန်းနှင့် အနီးဆုံးနေရာအထိ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဝင်များ ထိခိုက်သေဆုံးနိုင်ပြီး ဒေသကာကွယ်‌ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

မြိုင်မြို့နယ်ရှိ စစ်ကောင်စီဝင်များ ခြေကုပ်ယူထားသည့် ဝဲတူးလ် (Well – 2) ရေနံမြေ တပ်စခန်းကို ဖလံကိုင်းရေနံမြေ တပ်စခန်းမှ အင်အား ၁၀၀ ခန့်ဖြင့် ဧပြီလ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ် ကံသစ် ကျေးရွာအနားသို့ ရောက်လာစဥ် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ – မြိုင် ပကဖ တပ်ရင်း (၁) – တပ်ခွဲ(၄) – တပ်စိတ် (၂) နှင့် ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ မိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး Drone ဖြင့် ဗုံးသီး ၂၃ လုံးဖြုတ်ချ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဝင် ၂ ဦး ပြင်းထ န်ဒဏ်ရာရရှိကာ သေဆုံးနိုင်ပြီး များစွာ ထိခိုက်ဒဏ်ရာ ရရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရွာ အခြေပြု စစ်ကောင်စီဝင်တပ်စခန်းကို ဧပြီလ ၂၄ ရက်နေ့၊ညနေ ၃ နာရီ ၁၀ မိနစ်မှ ၄ နာရီ ၂၉ မိနစ်အထိ ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များ၊ ပခုက္ကူ မြို့ပြပြောက်ကြား တပ်ဖွဲ့နှင့် မြိုင်မြို့နယ် ပြည်သူ့ ကာကွယ်‌ရေးတပ်ဖွဲ့ – မြိုင် ပကဖ တပ်ရင်း (၁) – တပ်ခွဲ (၃) – တပ်စု (၂) တို့ ပူးပေါင်းကာ လက်နက်ကြီးများဖြင့် အကြိမ် ၄၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဝင်စခန်းများ ပျက်စီးဆုံးရှုံးနိုင်ပြီး စစ်ကောင်စီဝင်များ ထိခိုက်သေဆုံးနိုင်ကြောင်း သိရသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရွာအခြေပြု ရဲစခန်းမှ ထွက်လာ သော စစ်ကောင်စီဝင် ၁၀၅ ဦးခန့်ပါ စစ်ကြောင်းကို ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၈ မိနစ်အချိန်ခန့်တွင် လယ်အိုရွာနှင့် လယ်မရွာ အနီးတွင် ပေါက်မြို့နယ် ဗိုလ်စကားအဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီဝင်များ ထိခိုက်သေဆုံးသူများရှိနိုင်ကြောင်း၊ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အဆိုပါ စစ်ကြောင်းကို ပေါက်မြို့နယ် ဗိုလ်စကားအဖွဲ့၊ ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များ၊ တောင်ညိုနဂါး အဖွဲ့၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ – မြိုင် ပကဖ တပ်ရင်း (၁) – တပ်ခွဲ (၄) – တပ်စိတ် (၁) နှင့် မြိုင်မြို့နယ်အခြေပြု ကျေးရွာကာကွယ်ရေးအဖွဲ့များ ပူးပေါင်းစီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင် ၁၀ဦး နှင့်အထက် ထိခိုက်သေဆုံးခဲ့၍ တိုက်ပွဲဖြစ်ရာ ဧရိယာ အပေါ်သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၁ စီး သုံးကြိမ်ပျံဝဲခဲ့ပြီး နေ့လယ် ၁၂ နာရီ ၁၀ မိနစ်မှ ၁၂ နာရီ ၄၆ မိနစ်အထိ Mi – 35 ရဟတ်ယာဥ် ၁ စီးက ၃၆ မိနစ်ကြာ မနားတမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နေ့လယ် ၃ နာရီ ၂၈ မိနစ်အချိန်တွင် ဂျက်ဖိုက်တာ တိုက်ခိုက်ရေးလေယာဥ် ၁ စီးက တိုက်ပွဲဖြစ်ရာ ဧရိယာသို့ ဗုံးကျဲ တိုက်ခိုက်မှု ၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုး၏ ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article