34 C
Yangon

ရဲတပ်ဖွဲ့ဝင်မိသားစုကို အသုံးချပြီး နယ်မြေစုံစမ်းထောက်လှမ်းသော ပျူစောထီးနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ အသုံးချခံရသည့် နယ်ထိန်းရဲ မိခင်နှင့် သမီးဖြစ်သူပါသေဆုံး

Must read

ရဲတပ်ဖွဲ့ဝင်မိသားစုကို အသုံးချပြီး နယ်မြေစုံစမ်းထောက်လှမ်းသော ပျူစောထီးနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ အသုံးချခံရသည့် နယ်ထိန်းရဲ မိခင်နှင့် သမီးဖြစ်သူပါသေဆုံး

ရန်ကုန်၊ ဧပြီ ၂၁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ သရက်ငုတ်တိုရွာအနီး ထား ဝယ်-ထီးခီးလမ်းပေါ်တွင် နယ်ထိန်းရဲ မိသားစုဝင်များကိုအသုံး ချပြီး နယ်မြေစုံစမ်းထောက်လှမ်းရန်လာရောက်သော ပျူစောထီး ၂ ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ ပျူစောတစ်ဦးနှင့်အသုံး ချခံ နယ်ထိန်းရဲမိခင်နှင့်သမီးဖြစ်သူပါသေဆုံးခဲ့ကြောင်း ဥဩစစ် ကြောင်း(ထားဝယ်မြို့နယ်)မှ တရားဝင်သတင်းထုတ်ပြန် သည်။

ဧပြီလ ၁၉ ရက် နံနက် ၈ နာရီခန့်က ပကာရီရဲကင်းစခန်းမှ ကျောက်မဲတောင် ရဲကင်းစခန်း ကြားလမ်းပိုင်းအတွင်း နယ် မြေသတင်းစုံစမ်းထောက်လှမ်းရန် တောင်သုံးလုံး ပျူစောထီးအဖွဲ့ဝင် ၊ မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် ၃၅ နှစ်အ ရွယ် ထွန်းမောင် မောင်းနှင်သော Honda fit အပြာရောင်ယာဉ်ဖြင့် ဟိန္ဒားပျူစောထီးအဖွဲ့ဝင် အသက် ၃၅ နှစ်အရွယ် ချစ်ကိုတို့သည် ထားဝယ်-ထီးခီး လမ်းပိုင်းအား စုံစမ်းရန် နယ်ထိန်းရဲ သက်ဇော်ထွန်း၏ မိခင်နှင့်သမီးကို အသုံးချကာ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ဝင်ရောက်လာမည်ကို ဥဩစစ်ကြောင်း (ထားဝယ်မြို့ နယ်) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ကြိုတင်သတင်းအရ ယာဉ်အား ရပ်တန့်စစ်ဆေးရာ စစ်ဆေးမခံပဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအား တိုက်ပြီး မောင်းပြေးရန် ကြိုးစားသဖြင့် ပစ်ခတ်ခဲ့ရာ ယာဉ်ပေါ်ပါ ပျူစောထီးချစ်ကို၊ နယ်ထိန်း ရဲသက်ဇော်ထွန်း၏ သမီးအသက် ၁၅ နှစ်အရွယ် မသဲစုရွှေစင်တို့ ထိမှန်သေဆုံးခဲ့ပြီး နယ်ထိန်းရဲ သက်ဇော်ထွန်း ၏ မိခင် အသက် ၆၀ အရွယ် ဒေါ်ခင်ပြုံးမြင့်မှာ အပြင်းအထန်ထိမှန်ဒဏ်ရာဖြင့် အရေးပေါ်ဆေးကုသနေစဉ် သွေးထွက်လွန်သေဆုံးသွားကြောင်း သိရသည်။

ယင်းပစ်ခတ်မှုအတွင်း ပျူစောထီးအဖွဲ့ဝင် ယာဉ်မောင်း ထွန်းမောင်မှာ ထွက်ပြေးလွတ်မြောက်သွားပြီး လိုက်လံဖမ်းဆီးခဲ့ရာ ဧပြီလ ၂၀ ရက် နံနက် ၉ နာရီခန့်တွင် ပြန်လည် ဖမ်းမိခဲ့ပြီး ခုခံထွက်ပြေးရန် ကြိုး စားသဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားသည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် စစ်ရေးလှုပ်ရှားနိုင်ရန် အတွက် နယ်မြေစုံစမ်းထောက်လှမ်းရာတွင် ၎င်းတို့၏ လက် အောက်ခံတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကို ဓားစာခံပြုလုပ်အ သုံးချကာ လုပ်ဆောင်ရှိကြောင်း၊ ထားဝယ်မြို့မှ အကြမ်း ဖက်စစ်သားများကိုလည်း ပကာရီ ရဲစခန်းသို့ အင်အားဖြည့် တင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဥဩစစ်ကြောင်း (ထားဝယ်မြို့နယ်) က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article