28 C
Yangon

ရှမ်း-ကယား နယ်စပ် တိုက်ပွဲများ အတွင်း စစ်သား ၅၀ ဦးသေဆုံးပြီး လက်နက် အမျိုးမျိုး ၂၄ လက် သိမ်းဆည်းရမိ၊ မိုးဗြဲတိုက်ပွဲ ဗီဒီယို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်

Must read

ရှမ်း-ကယား နယ်စပ် တိုက်ပွဲများ အတွင်း စစ်သား ၅၀ ဦးသေဆုံးပြီး လက်နက် အမျိုးမျိုး ၂၄ လက် သိမ်းဆည်းရမိ၊ မိုးဗြဲတိုက်ပွဲ ဗီဒီယို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ကြည့်ရှုနိုင်

ရန်ကုန်၊ ဧပြီ ၂၈

ရှမ်း-ကယား နယ်စပ် တိုက်ပွဲများအတွင်း စစ်သား ၅၀ ဦးသေဆုံးပြီး လက်နက် အမျိုးမျိုး ၂၄ လက် သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ထံမှ သိရသည်။

ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် အစပ်ရှိ မြောက်စလုံး ကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို KA ၊ KNDF B/11 ၊ KNDF B/22 ၊KNDF B/03 ၊ KNDF ဗျူဟာ (၅) ၊ KNDF UAV ၊ PNDF-KK ၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်း ( ၂) ၊ ကရင်နီတပ်ပေါင်းစု၊ KGZ ၊ KRU ၊ URF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၃၀ ဦးထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ထံမှ MA-1 ၃ လက် ၊ MA-2 ၃ လက် ၊ MA-3 ၂ လက် ၊ MA-4 ၇၉တွဲ ၁ လက် ၊ MG-3 ၁ လက် ၊ RPG 7 ၁ လက် ၊ 60MM စိန်ပြောင်း ၁ လက် ၊ ဆက်သွယ်ရေးစက် ၂ လုံး နှင့် ဆက်စပ် ခဲယမ်း မီးကျောက်များ၊ အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့​ပြီး တိုက်ပွဲအတွင်း KNDF B/11 မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင်လည်း မိုးဗြဲမြို့ ၊ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀ တပ်ရင်းတပ်ဖွဲ့များကို KNDF B/03 ၊ KNDF B/01 ၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်းအမှတ် (၁၀၀၁)နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကာ ၂ ဦးအရှင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ MA – 1 ၄ လက်၊ MA -2 ၄ လက်၊ MA -3 ၂ လက်၊ MA-4 ၁ လက်၊ RPG-7 ၁ လက်၊ ၆၀ မမပြောင်းတို ၂ ပြောင်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲသည် နံနက် ၆ နာရီမှ ၁၀ နာရီထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးများ အဆမတန် အသုံးပြု ပစ်ကူပေးခဲ့ကြောင်း၊ ဂျက်ဖိုက်တာဖြင့် ၄ ကြိမ်ခန့် လာရောက် ပစ်ကူပေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် အစပ် တိုက်ပွဲများ အတွင်း ဧပြီလ ၂၅ ရက်နေ့မှစ၍ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များက မြောက်စလုံးကျေးရွာမှ တောင်မဲသင်းကျေးရွာဘက်သို့ ဆုတ်ခွာ၍ တပ်စွဲထားကာ လက်ရှိချိန်ထိ တော်လှန်း တပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား စစ်ရေး တင်းမာလျက်ရှိကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

အလားတူ မိုးဗြဲမြို့တွင် ဧပြီလ ၂၆ ရက်နေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲဗီဒီယိုကို တော်လှန်ရေးရဲဘော်တစ်ဦးက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်လိုက်ပြီး ယင်းဗီဒီယိုကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ဝင်ရောက်ကြည့်ရှုနိုင် မည်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article