28 C
Yangon

ဝါကျွတ်အီးဒ်ပွဲတော်ကို ဘာသာရေး ပြဌာန်းချက်များမှအပ အခြား ပျော်ပွဲ ရွှင်ပွဲ များ လုံးဝ မကျင်းပစေလိုကြောင်း မြန်မာမွတ်စလင် နိုင်ငံရေးအကျဉ်းသားများ သဘောထား ထုတ်ပြန်

Must read

ဝါကျွတ်အီးဒ်ပွဲတော်ကို ဘာသာရေး ပြဌာန်းချက်များမှအပ အခြား ပျော်ပွဲ ရွှင်ပွဲ များ လုံးဝ မကျင်းပစေလိုကြောင်း မြန်မာမွတ်စလင် နိုင်ငံရေးအကျဉ်းသားများ သဘောထား ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၂၀

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မြန်မာမွတ်စလင်မ်များအနေနှင့် ဝါကျွတ်အီးဒ် ပွဲတော် တွင် ဘာသာရေးပြဌာန်းချက်များမှ အပ အခြားအခြားသော ပျော်ပွဲရွှင်ပွဲ များကို လုံးဝ လုံးဝ မကျင်းပစေလိုကြောင်း မြန်မာမွတ်စလင် နိုင်ငံရေး အကျဉ်း သားများမှ ယနေ့ ဧပြီလ ၂၀ ရက်နေ့တွင် သဘောထားထုတ်ပြန်သည်။

လက်ရှိကာလသည် တော်လှန်နေဆဲ ကာလဖြစ်ပြီး ပြီးခဲ့သည့် သင်္ကြန်ကာလ တွင်လည်း လူထုသည် တော်လှန်သင်္ကြန်ကျင်းပပြီး စစ်အာဏာရှင်ကို ဆန့် ကျင် ခဲ့ကြောင်း၊ မြန်မာမွတ်စလင်မ်များအနေနှင့်လည်း မိသားစုဝင်များ အသက် ပေးဆုံးရှုံးခဲ့ရ၍ စို့နင့်စွာ ကျဆင်းနေရသည့် လူထု၏ မျက်ရည်ကို ထောက် ထားသည့်အနေနှင့်လည်းကောင်း၊ ဆင်းရဲဒုက္ခအမျိုးမျိုးကြားမှ လူထုနှင့် အတူရပ်တည်၍ လက်နက်စွဲကိုင်တော်လှန်နေသည့် မြန်မာ မွတ်စ လင် များ အပါအဝင် ပြည်သူ့စစ်သည်များကို ထောက်ထားသ ည့်အနေ နှင့် လည်းကောင်း၊ ကြိုးစင်သို့ မတုန်မလှုပ်ဦးတည်သွားခဲ့သည့် ခေါင်းဆောင် များ၏ ခြေလှမ်းကို အလေးအမြတ်ထားသည့်အနေနှင့် လည်းကောင်း မကြာမီ ကျ‌ရောက်မည့် ဝါကျွတ်အီးဒ်ပွဲတော်တွင် ပျော်ပွဲရွှင်ပွဲများ မကျင်းပစေလို ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် မြန်မာမွတ်စလင်မ်များအနေနှင့် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်ကို သစ္စာခံလျက်ရှိပြီး ပြည်သူလူထုနှင့် တစ်သားတည်း အစဉ်ရပ်တည်ခဲ့ကြောင်း၊ လက်ရှိ စစ်အာဏာရှင်တို့၏ အဖိနှိပ်ခံကာလများတွင်လည်း မြန်မာမွတ်စလင် များအနေနှင့် နိုင်ငံတော်နှင့် ပြည်သူလူထုကို သစ္စာမဖောက်ပြန်ခဲ့ခြင်းကို အကြမ်းဖက်စစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်လျက်ရှိသည့် မြန်မာ မွတ်စလင် စစ်သည်များ၊ အကျဉ်းထောင်အသီးသီးတွင် ရောက်ရှိနေသည့် မြန်မာမွတ်စလင် နိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံဝစ်ဝန်းရှိ စစ်ကောင်စီကို ပုံဏ္ဍာန် မျိုးစုံဖြင့် ဆန့်ကျင်နေသည့် မြန်မာမွတ်စလင်မ်လူထုကြီးက သက်သေ ခံ လျက်ရှိပြီး မြန်မာမွတ်စလင်မ်များသည် အသက်ကိုပင်စွန့်လွှတ်၍ နွေဦးတော် လှန် ရေး တွင် ဂုဏ်ရောင်ပြောင်စွာ ပါဝင်ခဲ့ကြကြောင်း သဘော ထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article