28 C
Yangon

သန်လျင်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးသမားတစ်ဦးနှင့် အမျိုးတော်စပ်သူ ကိုထွန်းဦးကျော်ကို ပျူစောထီးများက ပစ်ခတ်သတ်ဖြတ်

Must read

သန်လျင်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးသမားတစ်ဦးနှင့် အမျိုးတော်စပ်သူ ကိုထွန်းဦးကျော်ကို ပျူစောထီးများက ပစ်ခတ်သတ်ဖြတ်

ရန်ကုန်၊ ဧပြီ ၂၀

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန် ရေးသမား တစ်ဦးနှင့် အမျိုးတော်စပ်သူ ကိုထွန်းဦးကျော်ကို ပျူစောထီးများက ယနေ့ညပိုင်းတွင် ပစ်ခတ် သတ်ဖြတ်လိုက်ကြောင်း တော်လှန်ရေး သတင်းရင်း မြစ်များက ပြောသည်။

ဧပြီလ ၂၀ ရက်နေ့ ည ၇နာရီကျော်ခန့်အချိန် သန်လျင်မြို့၊ အောင်ချမ်းသာ ကုန်း ထိပ်၊ ယခင်က သွင်ထူး ကွမ်းယာဆိုင် (ယခု ကျော်ထက် ကွမ်းယာဆိုင်) တွင် ကွမ်းယာ ရောင်းနေသော ကိုထွန်းဦးကျော်ကို ပျူစောထီးများက ပစ်ခတ် သတ် ဖြတ်သွားကြောင်း သိရှိရသည်။

“အပစ်ခံရသူမှာ တော်လှန်ရေး အသိုင်းဝိုင်းထဲကဖြစ်တယ်။ တော်လှန်ရေး သ မား တစ်ဦးနဲ့ အမျိုးအရင်းဖြစ်နေတယ်။ ဒါကြောင့် အငြိုးထားပြီး ပစ်ခတ် သတ် ဖြတ်သွားတာကလည်း ပျူစောထီးတွေဘက်က ပစ်ခတ်သတ်ဖြတ်တာပါ။ တော် လှန်ရေး ကွန်ရက်တွေကြားမှာလည်း ဒီလုပ်ရပ်ကို ဘယ်သူမှ လုပ်ထား တာ မရှိတဲ့အတွက်ကြောင့်မို့ပါ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြော သည်။

ကိုထွန်းဦးကျော်သည် ခေါင်း၊ မေးစေ့၊ ညှပ်ရိုး၊ လက်မောင်းတို့တွင် ကျည်ထိ မှန် ဒဏ်ရာလေးချက်ဖြင့် အခင်းဖြစ်နေရာတွင်​သေဆုံးသွားခဲ့ပြီး စစ်တပ်က ဟန်ပြသာ လာရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

“အရင်ဆို သူတို့ဘက်က လူထိရင် သန်လျင်တံတားပိတ်တာနဲ့ ရှိတဲ့တံတား အကုန် ပိတ်ပြီး စစ်တာ။ အခု ကိုထွန်းဦးကျော် ပစ်သတ်ခံရတော့ လာစစ်ပြီး ဘာမှ စစ်ဆေးတာလည်းမရှိဘဲ ပြီးသွားပါတယ်။ ဒါဆိုရင် ဘယ်သူတွေက ဘာ ကြောင့် သတ်ဖြတ်တယ်ဆိုတာလဲ သိသာပါတယ်” ဟု သန်လျင်မြို့ခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article