31 C
Yangon

သန်လျင်မြို့တွင် ဒုဗိုလ်မှူးကြီးနှင့် လူ ၂ ဦး ပစ်သတ်ခံရပြီးနောက် ဆိုင်ကယ်နှင့် ကုန်ကားများကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး ငွေတောင်း

Must read

သန်လျင်မြို့တွင် ဒုဗိုလ်မှူးကြီးနှင့် လူ ၂ ဦး ပစ်သတ်ခံရပြီးနောက် ဆိုင်ကယ်နှင့် ကုန်ကားများကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး ငွေတောင်း

■ ဆိုင်ကယ်တစ်စီး ငွေ ၅ သောင်းဖြင့် ရွေးယူရ

ရန်ကုန်၊ ဧပြီလ ၁၉

ရန်ကုန်တိုင်း သန်လျင်မြို့တွင် ယမန်နေ့ ဒုဗိုလ်မှူးကြီး ၁ ဦးနှင့် လူ ၂ ဦး ပစ် သတ်ခံရပြီးနောက် စစ်တပ်က ဆိုင်ကယ်စီး ပြည်သူများနှင့် ကုန်ကား မောင်း သူ များကို မည်သည့် ပြစ်ချက်မှ မရှိဘဲ ဖမ်းဆီး ငွေညှစ်နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“မနေ့က သန်လျင်မှာ ဒုဗိုလ်မှူးကြီးနဲ့ ၂ ဦး အသတ်ခံရပြီးနောက် နာရီပိုင်း အတွင်း လမ်းမှာတွေ့သမျှ ဆိုင်ကယ်တွဲဘီးတွေကို ဘယ်သူမှ ဘာအပြစ်မှ မရှိဘဲ ခဏ အထက်က ထိန်းသိမ်းခိုင်းလို့ဆိုပြီး စစ်တပ်က ဖမ်းတယ်။ မနက် ဖြန် လာထုတ်ဆိုပြီး လူတွေကို ပြန်ခိုင်းပါတယ်။ သွားထုတ်တော့ တစ်စီး ၅သောင်းနဲ့ အစီး ရာဂဏန်းကို ငွေတောင်း ငွေညှစ်နေကြပါတယ်”ဟု ကိုယ် တိုင်ဆိုင်ကယ်ဖမ်းဆီးခံရသည့် ဒေသခံတစ်ဦးက ပြောကြားသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ်သည် သန်လျင်တံတား အတက် အဆင်း နှင့် အခြားနေရာများတွင်ပါ စစ်ဆေးနေပြီး လာသမျှကုန်ကားမှန်သမျှကိုလည်း တစ်စီး ၂သောင်းနှုန်းနှင့် ငွေညှစ်နေကြောင်း၊ လုပ်ငန်းလိုင်စင် အပြည့်အစုံ ရှိလျှင် လည်း လက်ဖက်ရည်ဖိုးမပေးချင်ဘူးလား အောက်ဆင်းခဲ့ဆို၍ သေနတ် နှ င့်ချိန်၍ လူမိုက်ဆန်ဆန် မိုက်ကြေးခွဲတောင်းနေကြောင်း သန်လျင်ဒေသ ပြည်သူများထံမှ သိရှိရသည်။

” သန်လျင်တံတားမှာ ၂ ပွင့်နဲ့ စစ်ခွေးက မင်းတို့အကုန်ဘာအပြစ်မှမရှိလည်း စောက်မြင်ကတ် ပုဒ်မနဲ့ ဆွဲစိလိုက်လို့ရတယ်ဆိုပြီး တချို့လူတွေကို ဆဲဆို ရိုင်းပြနေပါတယ်”ဟု ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။

သန်လျင်တွင် ဆိုင်ကယ်တစ်စီးကို ငွေ ၅ သောင်းပေး၍ ပြန်ရွေးယူချိန် တွင် လည်း ချက်ချင်း ထုတ်မပေးဘဲ ထိုင်စောင့်ခိုင်းခြင်းများ လုပ်ဆောင် သည့် အတွက် ပြည်သူများ လမ်းဘေးတွင် ဆိုင်ကယ်ပြန်ရရှိရန် ထိုင်စောင့် နေရ ကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။

ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် သန်လျင် မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ထန်းပင်ကုန်းလမ်း၊ အမှတ် ၃၆ နေအိမ်တွင် အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး အောင်ညီထွန်းနှင့် လူ ၂ ဦးတို့ စကားပြော နေကြစဉ် နေအိမ် အတွင်းသို့ သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်သဖြင့် ၃ ဦးစလုံး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- လွန်ခဲ့သော နှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် စစ်တပ်က ပြည်သူများ၏ ဆိုင်ကယ်များကို အတင်းအဓမ္မသိမ်းယူနေစဉ်။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article