33 C
Yangon

ဟုမ္မလင်းတွင် စစ်တပ်လက်အောက်ခံ အဖွဲ့များ နှင့် PDF တို့ တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၁၀ ဦးသေဆုံးကာ သေနတ် ၇ လက်သိမ်းဆည်းရရှိ၊ ရေစကြိုတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်သား ၂ ဦးသေဆုံး

Must read

ဟုမ္မလင်းတွင် စစ်တပ်လက်အောက်ခံ အဖွဲ့များ နှင့် PDF တို့ တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၁၀ ဦးသေဆုံးကာ သေနတ် ၇ လက်သိမ်းဆည်းရရှိ၊ ရေစကြိုတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၃၀

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ဟုမ္မလင်း-ဖောင်းပြင်နယ်စပ်၌ ကင်းလှည့် လာ သော ပျူစောထီးများ နှင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်သော PDF တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၁၀ ဦးသေဆုံးကာ သေနတ် ၇ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း ဟုမ္မလင်း PDF တပ်ဖွဲ့ထံမှ သိရသည်။

ဧပြီလ ၂၈ ရက်နေ့ ဟုမ္မလင်းပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု၊ ဖောင်းပြင် ပြည် သူ့ကာကွယ်ရေး တပ်ဖွဲ့ နှင့် ဖောင်းပြင် (ပ.က.ဖ) အင်အားစုများက ချင်းတွင်း မြစ်ကမ်းနံဘေး ကျေးရွာများကို နယ်မြေရှင်းလင်းရေးများ လုပ် ဆောင် စဉ် ကင်းလှည့်လာသော ပျူစောထီးနှင့် ပြည်သူ့စစ် လက်နက် ကိုင် အဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ပွဲအတွင်း ဌာနေပြည်သူ့စစ်များထံမှ လက်လုပ်သေနတ် ၁၂ ဗို့ ၇ လက် သိမ်းဆည်း ရရှိခဲ့ပြီး အချို့မှာ ကိုယ်တိုင် ကိုယ်ကျ လာရောက်အပ်နှံခြင်း ဖြစ် ကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၂၉ ရက်နံနက်ပိုင်းက ဟုမ္မလင်းပြည်သူ့ကာကွယ်ရေး တပ် ပေါင်း စုက ဝန်းရံ ပိတ် ဆို့ထားသော ဟုမ္မလင်းမြို့နယ်၊ ဝဲဟက်ကျေး ရွာကို အကြမ်းဖက် စစ်ကောင်စီဝပ်မှ JF-17 ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ဟုမ္မလင်း-ဖောင်းပြင် အစပ်ရှိ ချင်းတွင်းမြစ်ကမ်း နံဘေး ကျေးရွာများတွင် စစ်ဆိုင်ထားဆဲဖြစ်ကြောင်း Homalin People Defense Force – HPDF က ထုတ်ပြန်ထားသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် ခလရ ၂၅၈ တပ်ထဲမှ ထွက်လာသည်ဟု ယူဆရသော အင်အား ၄၀ ခန့် စစ်သားများ စီးနင်းလိုက်ပါသည့် ဖောကား ၃စီး ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပေပါမိုင်း၁လုံး၊ အသေး ၅ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ယာဉ်တန်းအလယ်မှ လိုက်ပါ လာသော ဖောကား တစ်စီးမှ နောက်ပိုင်းလေပေါ်လွင့် ပျက်စီးသွား ကြောင်း၊ စစ်သား ၂ ဦး သေဆုံးမှုကို မျက်မြင်တွေ့ရရှိပြီး သေဆုံး ပိုမိုများပြား နိုင် ကြောင်း၊ ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်း ရှိကြောင်း ရေစကြို မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

“မိုင်း ၂ ကြိမ်ဆွဲခဲ့တာ၊ ပထမ တစ်ကြိမ် ဆွဲတဲ့ ရှေ့ဆုံး ၂ စီးက စစ်ခွေးတွေ လိုက်ပါလာတာ၊ နောက် ဆုံး တစ်စီးက ရိက္ခာတွေ တင်လာတာ၊ ပေပါမိုင်းနဲ့ ဆွဲတဲ့အချိန်မှာ အလယ်က ကားကတော့ နောက်ပိုင်း လေပေါ် မြောက် တက်သွားတယ်၊ ခွေး ၂ ကောင်သေတာတော့ မျက်မြင်ပေါ့၊ ဒီထက်တော့ များနိုင်တယ်ဗျ၊ ဒဏ်ရာရတဲ့ကောင်တွေကတော့ ၁၀ ကောင်ထက်နည်းဘူး၊ မိုင်းပေါက်ကွဲတဲ့ အရှိန်ကပြင်းတယ်” ဟု ရေစကြိုပကဖမှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့် တပ်ထဲမှ မြို့ပေါ်ဝင်လာသော စစ်ကား ၂ စီးကို မြို့အဝင်ဘက်စုံကွေ့ အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဟုမ္မလင်းဒေသမှ PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article