30 C
Yangon

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ထောက်ပို့တော်လှန် သင်္ကြန် ရန်ပုံငွေဈေးရောင်းပွဲတော် ကျင်းပပြီး ဒေါ်လာ ၃၀၀၀၀ ကျော်ရရှိ

Must read

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ထောက်ပို့တော်လှန် သင်္ကြန် ရန်ပုံငွေဈေးရောင်းပွဲတော် ကျင်းပပြီး ဒေါ်လာ ၃၀၀၀၀ ကျော်ရရှိ

ရန်ကုန်၊ ဧပြီ ၃၀

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တော်တွင် ထောက်ပို့တော်လှန် သင်္ကြန်ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို ယနေ့ ကျင်းပခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည် ။

အဆိုပါပွဲတွင် NYCBC အဖွဲ့၏အထူးအစီအစဉ်အဖြစ် တော်လှန်သင်္ကြန် သံချပ် ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး မြန်မာပြည်မှ ပန်းချီအနုပညာရှင် ရေးဆွဲသော ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီရေဆေးကားနှင့် အဆိုတော် ကျော်သီဟ ရေးဆွဲသော ဒေါ်အောင်ဆန်းစုကြည် ခဲခြစ်ပုံတူပန်းချီ တို့ကိုရန်ပုံငွေအဖြစ် လေလံတင်ရောင်းချခဲ့ကြောင်း သိရှိရသည်။

ထို့နောက် We must win ticket ကံစမ်းမဲဖွင့်ပွဲကို ဆက်လက်ကျင်းပခဲ့ပြီး သရုပ်ဆောင်အနုပညာရှင် ဒေါင်း ကိုယ်တိုင် ရေးဆွဲထားသော ပန်ချီလက်ရာ ပါသော ချည်ထည်အိတ် Collection များကိုလေလံတင်ရောင်းချခဲ့ကြသည်။

အဆိုပါဈေး​ရောင်းပွဲတော်သို့ အမေရိကန်ရောက် မြန်မာတိုင်းရင်းသား တက် ရောက် အားပေးခဲ့ကြပြီး မြန်မာ့လက်ဆောင်အမျိုးမျိုးနှင့် မြန်မာ အစား အစာ စုံလင်စွာရောင်းချခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article