33.6 C
Yangon

ကလေးမြို့၊ ပျဉ်တော်ဦးရွာကို စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ၊ တိုက်ပွဲအတွင်း စစ်သား ၂ ဦးသေဆုံး

Must read

ကလေးမြို့၊ ပျဉ်တော်ဦးရွာကို စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ၊ တိုက်ပွဲအတွင်း စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပျဉ်တော်ဦးကျေးရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း CNO Upper Chindwin Region-UCR ထံမှ သိရသည်။

ယနေ့ ဧပြီလ ၂ ရက် နံနက် ၈ နာရီခန့်က စတင်ပြီး ကလေးမြို့ မြောက်ဘက် ပျဉ်းတောဦးရွာ(Tuingo) နှင့် မင်းလှရွာ (Zotlang) ကြားရှိ နတ်တံခါးချောင်းမှ အကြမ်းဖက်စစ်သားများသည် အနောက်ဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ကာ ကလေးမြို့မှ အမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ကူ ပေး နေသည့်အပြင် နံနက် ၁၀ နာရီခန့်ကစတင်ပြီး အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့်ပါ ပစ်ခတ် တိုက်ခိုက်နေကြောင်း သိရသည်။

“အခုကလေးမြို့မြောက်ပိုင်း လက်ပံချောင်း၊ ပျဉ်တော်ဦးဘက်ကို ခွေးတွေ လေကြောင်းနဲ့ တိုက်ခိုက် ပြန်ပြီ၊ MI 35 နံစစ်ခွေးတွေက လာပစ်နေတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယင်းတိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအထိအခိုက်မရှိခဲ့ကြောင်း၊ မတ်လ ၃၁ ရက်နေ့ က တိုက်ပွဲတွင် ဒဏ်ရာရ အကြမ်းဖက်စစ်သား ၂ ဦးကို ၎င်းတို့တပ်ဖွဲ့များမှ ပစ်ထားခဲ့ရာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များမှ အရေးပေါ်ဆေးဝါးကုသပေးခဲ့သော်လည်း ဒဏ်ရာပြင်းထန်သည့်အတွက် သေဆုံး သွားကြောင်း CNO Upper Chindwin Region-UCR ထံမှ သိရသည်။

မတ်လ ၃၁ ရက်နံနက်ပိုင်းက စတင်ပြီး ကလေးမြို့မြောက်ပိုင်း၊ ပျဉ်တော်ဦးရွာနှင့် နန်းဆောင်းပုရွာ ကြားတွင် တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အထိနာခဲ့သဖြင့် ကလေးမြို့၊ အောင်ဇေယျရပ်ကွက်ရှိ ဒကစတပ်မှ လက်နက်ကြီးများဖြင့်လည်း အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် MI 35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး MI 17 သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ်တစ်စီးဖြင့်လည်း စစ် သားများပို့ဆောင်ခဲ့ကြောင်း သိရသည်။

Photo Credit – Zalen

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article