25 C
Yangon

ညောင်ဦးမြို့နယ် ၊ မန်ကျီးဇောက်ရွာရှိ လောင်းကစားဝိုင်းကို လက်နက်ကိုင် လူတစ်စုက ဝင်ရောက် ပစ်ခတ်မှု ပြည်သူ ၂ ဦး သေဆုံး

Must read

ညောင်ဦးမြို့နယ် ၊ မန်ကျီးဇောက်ရွာရှိ လောင်းကစားဝိုင်းကို လက်နက်ကိုင် လူတစ်စုက ဝင်ရောက် ပစ်ခတ်မှု ပြည်သူ ၂ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၂

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ၊တောင်ဇင်းတိုက်နယ်၊ မန်ကျီးဇောက်ကျေးရွာရှိ လောင်းကစားဝိုင်းကို မတ်လ ၂၈ ရက်နေ့က လက်နက်ကိုင် လူတစ်စုက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့သည့် လုပ်ရပ်အပေါ် ရှုတ်ချကြောင်း ပုဂံပြည်ဘီလူးတပ် (ပကဖ) က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

အာဏာရှင်ကို တိုက်ထုတ်နေစဉ် တော်လှန်ရေးကို သွေဖည်သော လုပ်ရပ်များကို လုပ်ဆောင်သည့် မည်သည့်အဖွဲ့အစည်းကို မဆို ရှုတ်ချကြောင်းနှင့် အဆိုပါ ဖြစ်ရပ်ကို စုံစမ်းနေပြီး ဖြစ်ရပ်မှန်ကို ပြည်သူများကို တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

” စုံစမ်းနေတုန်းပါ။ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေ မဟုတ်တာတော့ သေချာပါတယ်။ ပျူစောထီး ဖြစ်ဖို့ များတယ်။ ကြားတာတော့ ဝိုင်းကို ဝင်လိုက်တော့ မော့မကြည့်နဲ့လို့ ပြောတယ်။ မျက်နှာကို မမြင်စေချင်လို့ ဖြစ်မယ်။ မော့ကြည့်မိတဲ့ တယောက်ကို နဖူးတေ့ပစ်တယ်တဲ့”ဟု ပုဂံပြည်ဘီလူးတပ် (ပကဖ) အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးရသည့် ပြည်သူ ၂ဦးမှာ ညောင်ဦးခရိုင် တောင်ဇင်းမြို့နယ် မန်ကျည်းစောက်ရွာမှ ဦးဝင်းလှိုင် (လောင်းကစားဒိုင်)နှင့် ညောင်ဦးမြို့ အောင်သပြေ ရပ်ကွက်မှ ရဲရဲ ခေါ် ရဲလင်းအောင် ဆိုသူတို့ ဖြစ်ကြောင်း သိရှိရသည်။

Photo – မကွေးမြို့နယ်၊ ကြာကန်ရွာ၌ ပြုလုပ်နေသည့် အလောင်းကစားဝိုင်းအား တွေ့မြင်ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article