24.9 C
Yangon

သထုံတွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေး ၂ ဦး ဒဏ်ရာရ

Must read

သထုံတွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေး ၂ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ချောင်းစောင့်ကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကလေးငယ် ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ ဧပြီလ ၂ ရက်​နေ့ နံနက် ၈ နာရီ မိနစ် ၃၀ ခန့်အချိန် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ခမရ ၉ ဝင်းပ အခြေစိုက်အ ကြမ်းဖက်စစ်တပ်စခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် စောချလီးကီးနှင့် အသက် ၁၄ နှစ်အရွယ် စောဖားလေဒေးတို့ လက်နက်ကြီးစထိမှန်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အသက် ၁၅ နှစ်အရွယ် စောချလီးကီးသည် မွေးချင်း ၅ ဦးအနက် အကြီးဆုံးသားဖြစ်ပြီး ပေါင်တွင် လက်နက်ကြီးစထိမှန်ဒဏ်ရာဖြင့်လည်းကောင်း၊ အသက် ၁၄ နှစ်အရွယ် စောဖားလေဒေးသည် မွေးချင်း ၆ ဦး အနက် အငယ်ဆုံးသားဖြစ်ပြီး ဒူးခေါင်းတွင် လက်နက်ကြီးစထိမှန်ဒဏ်ရာဖြင့်လည်းကောင်း ဆေးဝါးကုမှုခံယူနေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article