25 C
Yangon

ကန့်ဘလူရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့နေပြီး ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ကန့်ဘလူရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့နေပြီး ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ ဧပြီ ၂

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂ ရက်နေ့ နံနက် အစောပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကန့်ဘလူမြို့နယ်ရှိ လျှော်ဖြူကုန်းရွာနှင့် ဉာဏ်အင်းရွာတို့ကို ဝင်ရောက် စီးနင်းမီးရှို့နေခြင်းဖြစ်ကာ ဒေသပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

နံနက် ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ထန်းကုန်းတိုက်နယ် အတွင်းရှိ ဉာဏ်အင်းရွာကို ပစ်ခတ် စီးနင်းပြီး နံနက် ၇ နာရီခန့်တွင် ကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်နေခြင်း ဖြစ်ကြောင်း သိရသည်။

နံနက် ၈ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ ကိုးတောင်ဘို့အထိုင် ခြေလျင်တပ်ရင်း ခလရ ၁၃၇ တပ်မှ စစ်သားများက လျှော်ဖြူကုန်းရွာကို အကြမ်းဖက် ပစ်ခတ် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

” စစ်ကြောင်းက ၂ ကြောင်းပါ ဉာဏ်အင်းရွာနဲ့ လျှော်ဖြူကုန်းရွာကို မီးရှို့နေတာ ပြည်သူတွေ ထိခိုက်မှု ရှိမရှိနဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရသေးဘူး။ အဲရွာ ၂ ရွာက စစ်ခွေး စစ်ကြောင်းတွေ ခဏခဏ ဝင်ရှို့နေတဲ့ရွာတွေပါ။ ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article