23 C
Yangon

ဒီပဲယင်းတွင် စစ်တပ်က ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ဒေသပြည်သူ ထောင်ချီ ထွက်ပြေးနေရ

Must read

ဒီပဲယင်းတွင် စစ်တပ်က ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ဒေသပြည်သူ ထောင်ချီ ထွက်ပြေးနေရ

ရန်ကုန်၊ ဧပြီ ၂

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကြည်ရွာ၊ ဘုရားထွက်ရွာ၊ မဲသည်ရွာအပါအဝင် ရွာပေါင်း ၂၀ ကျော်ကို အကြမ်းဖက်စစ် တပ်က မြေပြင်၊ ဝေဟင်စစ်ကြောင်းထိုးတိုက်ခိုက်နေသဖြင့် ပြည်သူထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြား သည်။

မတ်လ ၃၁ ရက်နေ့ ညနေပိုင်းကစတင်ပြီး ကြည်ရွာ၊ ဘုရားထွက်ရွာ၊ မဲသည်ရွာအပါအဝင်အနီးအနားရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က Mi 35 ရဟတ်ယာဉ်တစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ အလားတူ ဧပြီလ ၁ ရက်ညနေပိုင်းတွင် Mi 35 ရဟတ်ယာဉ်တစ်စီးဖြင့် ပစ်ခတ်ပြီး Mi 17 ရ ဟတ်ယာဉ်ဖြင့် စစ်သား၊ လက်နက်ခဲယမ်းများချကာ ကျေးရွာများအတွင်း ဝင်ရောက်ခဲ့ကြောင်း၊ ယနေ့ ဧပြီလ ၂ ရက် နံနက် ၁၀ နာရီခန့်တွင် လည်း Mi 35 ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“လေယာဉ်နဲ့လာတိုက်မယ်၊ စစ်ကြောင်းထိုးမယ်ကြိုတင်သ တင်းရလို့ ပြည်သူတွေကတော့ ကြိုတင် ရှောင်နိုင်တယ်၊ ဒီမ နက်ဆိုရင် မဲသယ်ရွာကို မီးရှို့သွားတယ်၊ မကျည်းစောက်ရွာ၊ ဘုရားထွက်ရွာဆိုရင် အကြိမ်ကြိမ်မီးရှို့ခံနေရတာ ၊အိမ်ကြီး အိမ်ကောင်းတွေ ဘာမှမရှိတော့ဘူး၊ အခုလဲ စစ်ဘေးရှောင်တဲတွေကို မီးရှို့သွားတယ်၊ အပျက်အစီးဘယ်လောက်ရှိမယ်ဆိုတာ အတိအကျမသိရသေးဘူး” ဟု Peoples Defense Comrade မှ အမေ့သားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်မှ စစ်ဘေးရှောင်ပြည်သူလူထု၏ ဆန်အိတ်များကိုလည်း ထောက်ပို့ရဟတ်ယာဉ်ဖြင့် သယ်ယူသွားကြောင်း၊ မြေပြင်မှလည်း မိုင်းရှင်းလင်းရေး၊ လမ်းဖျက်ဆီးရေး ဘက်ဟိုးကား ၂ စီးအပါအဝင် အင်အား ၁၀၀ ကျော်ဖြင့်ဝင်ရောက်လာပြီး စစ်ဘေးရှောင်ပြည်သူများအသုံးပြုနေသည့် လမ်းများကို ဖျက်ဆီးသွားကြောင်း၊ ဒေသနေပြည်သူများမှာ စစ်တပ်၏ ယုတ်မာမှုအပေါင်းကို ခံစားနေရ ပြီး အရေးပေါ်စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

လက်ရှိစစ်ဘေးရှောင်နေရသော ကျေးရွာများမှာ မကျည်းစောက်ရွာ၊ ကြည်ရွာ၊ ဘုရားထွက်(သာစည်) ရွာ၊ မဲသည်ကျေး ရွာ၊ ဝဘာသပြေသာရွာ၊ ကြခတ်ရွာ၊ ပျံကျရွာ၊ ဂွေးပင်ကုန်းရွာ၊ အင်းတန်းရွာ၊ တော ကျောင်းရွာ၊ မှန်သာကြီးရွာ၊ ငြိမ်းချမ်းရွာ၊ ယင်းတွေရွာ၊ တောင်တန်းရွာ၊ အေးသာယာရွာတို့ဖြစ်ပြီး စစ် ဘေးရှောင် ပြည်သူများကို ရေဦးမြို့နယ် ပကဖ၊ ပလဖ ရဲ ဘော်များမှ ဒီပဲယင်းညီနောင်များအဖွဲ့နှင့်ပူး ပေါင်းကာ စားနပ် ရိက္ခာများ၊ ခိုလှုံရာတဲများဆောက်လုပ်ကူညီပေးနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article