25 C
Yangon

သံဖြူဇရပ်-ရေး လမ်းပိုင်းတွင် ဆိုင်ကယ် စီးလာသည့် ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး ပြည်သူပိုင် ပစ္စည်းများကို မီးရှို့ဖျက်ဆီး

Must read

သံဖြူဇရပ်-ရေး လမ်းပိုင်းတွင် ဆိုင်ကယ် စီးလာသည့် ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး ပြည်သူပိုင် ပစ္စည်းများကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီလ ၂

မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး လမ်းမပိုင်းတွင် ဆိုင်ကယ် စီးလာသည့် ပြည်သူ ၁ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် အောင်သာယာရွာနှင့် ကနင်ကာ့ရွာ အကြားတွင် အကြမ်းဖက် စစ်တပ်နှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူများကိုပါ ပစ်ခတ်ခဲ့ပြီး ပြည်သူ ၁ ဦး ကျည်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲအနီးအနားရှိ ပြည်သူပိုင် ပစ္စည်းများနှင့် လမ်းမကြီး ဘေးရှိ ခြံများ ၊ တဲများကိုလည်း မီးရှို့ ဖျက်ဆီးသွားကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်ပြီးချိန် စစ်ခွေးတွေက အဲဒီ လမ်းမကြီးဘေးက ခြံတွေ တဲတွေကို မီးရှို့သွားတယ်။ ဆိုင်ကယ်နဲ့ခရီးသွားတစ်ဦးကို စစ်ခွေးတွေက ပစ်သတ်သွားတယ်။ စစ်ခွေးတွေက ခရီးသွား ကားတွေကို တားထားပြီး သူများခြံတွေကိုမီးရှို့တာ တော်တော်ကို ယုတ်မာနေတာ”ဟု ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article