25 C
Yangon

ဝါးခယ်မမြို့ပေါ်ရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကို ဖောက်ခွဲ တိုက်ခိုက်မှု ရုံးလုံခြုံရေး ၁ ဦး ထိခိုက်ဒဏ်ရာရ

Must read

ဝါးခယ်မမြို့ပေါ်ရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကို ဖောက်ခွဲ တိုက်ခိုက်မှု ရုံးလုံခြုံရေး ၁ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ပေါ်ရှိ ​မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ဖောက်ခွဲ တိုက်ခိုက်မှု ရုံးလုံခြုံရေး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဧရာဝတီလင်းပိုင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်တွင် ဝါးခယ်မမြို့ပေါ်ရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကို ဧရာဝတီစစ်ဒေသခွဲ၏ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဧရာဝတီလင်းပိုင်အဖွဲ့နှင့် ဝါးခယ်မ ပကဖ အဖွဲ့တို့က ပူးပေါင်း ဖောက်ခွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ဖောက်ခွဲ တိုက်ခိုက်မှု​ကြောင့် ရုံးလုံခြုံရေး တစ်ယောက် ခြေထောက်ထိသွားတယ်လို့ ကြားတယ်” ဟု ဧရာဝတီလင်းပိုင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် လယ်ယာလုပ် တောင်သူများကို စိုက်စာရိတ် ပြန်လည်ပေးကြရန် မပေးဆောင်ပါက လယ်သိမ်းမည်ဟု ချိန်းခြောက် အကျပ်ကိုင်တောင်းရမ်းနေသော ဌာနတစ်ခုလည်းဖြစ်ကြောင်း၊ မြို့နယ် စိုက်ဘဏ် မန်နေဂျာ၊ ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး ဘဏ်တာဝန်ခံများသည် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်း လုပ်ဆောင်နေသည် ဆိုပါက မည်သူမဆို ထိရောက်စွာ အရေးယူတိုက်ခိုက်သွားမည် ဖြစ်ကြောင်း ဧရာဝတီလင်းပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article