25 C
Yangon

ပုလဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးကာ သေနတ် ၂ လက် သိမ်းဆည်းရမိ၊ ပြည်သူများ လိုက်ပါလာသည့် ကား ၁ စီးကို စစ်တပ်က ပစ်ခတ်မှု ပြည်သူ ၃ ဦးဒဏ်ရာရ

Must read

ပုလဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးကာ သေနတ် ၂ လက် သိမ်းဆည်းရမိ၊ ပြည်သူများ လိုက်ပါလာသည့် ကား ၁ စီးကို စစ်တပ်က ပစ်ခတ်မှု ပြည်သူ ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နှောကန်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ ထံမှ သိရသည်။

ဧပြီလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ပုလဲမြို့နယ်၊ နှောကန်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်နှင့် ပုလဲမြို့နယ် ဒေသ ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂ ဦးသေဆုံးကာ သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ပုလဲမြို့နယ်၊ ခေါ်သန္တီကျေးရွာအနီးရှိ လမ်းမပေါ်တွင် အကြမ်းဖက် စစ်တပ်က PDF တပ်ဖွဲ့ အယောင်ဆောင်ကာ ဂိတ်ဖွင့် စစ်ဆေးမှုများ ပြုလုပ်နေစဥ် ပြည်သူများ လိုက်ပါလာသည့် ကား ၁ စီးကို အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ပုလဲမြို့နယ်၊ ခေါ်သန္တီကျေးရွာအနီးရှိ လမ်းမပေါ်တွင် ဖွင့်လှစ်ထားသည် အကြမ်းဖက် စစ်တပ် ဂိတ်စခန်းမှ စစ်သား များက ပြည်သူများ လိုက်ပါလာသည့် ကား ၁ စီးကို သေနတ်ဖြင့် အချက် ၃၀ ကျော် အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

Photo – အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်ခဲ့သော ပြည်သူများ လိုက်ပါလာသည့်ကားနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား တွေ့ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article