25 C
Yangon

စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်လို့ ဒဏ် ရာ ရှိခဲ့တဲ့ ထန်တလန်မြို့နယ် ခွာဖိုကျေးရွာမှ လူငယ်တစ်ဦးသေဆုံး၊ သေဆုံးပြည်သူ ၉ ဦးထိရှိလာ

Must read

စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်လို့ ဒဏ် ရာ ရှိခဲ့တဲ့ ထန်တလန်မြို့နယ် ခွာဖိုကျေးရွာမှ လူငယ်တစ်ဦးသေဆုံး၊ သေဆုံးပြည်သူ ၉ ဦးထိရှိလာ

ရန်ကုန်၊ ဧပြီလ ၂

စစ်ကောင်စီက လေကြောင်းကနေပစ်ခတ်ရာမှာ ဒဏ်ရာရရှိခဲ့တဲ့ ထန်တလန်မြို့နယ်၊ ဖိုခွာကျေးရွာက အသက်ဆယ့်ခုနစ်နစ်အရွယ်လူငယ် Salai Van Cem Lian ဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် ဧပြီလ ၁ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ ဒေသတွင်းရင်းမြစ်တွေကနေသိရပါတယ်။

မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက ထန်တလန်မြို့နဲ့ငါးမိုင်အကွာက ခွာဖိုကျေးရွာကို လေကြောင်းကနေပစ်ခတ်ခဲ့တဲ့အတွက် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားပြည်သူရှစ်ဦးသေဆုံးပြီး ဆယ့်တဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါဒဏ်ရာရရှိသူတွေထဲက လူငယ်တစ်ဦးဟာ ဧပြီလ ၁ ရက်နေ့မှာသေဆုံးခဲ့တဲ့အတွက် စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မူကြောင့် ခွာဖိုကျေးရွာသေဆုံးပြည်သူ ကိုးဦးအထိရှိပြီဖြစ်ပါတယ်။

စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်မှာ လေကြောင်းတိုက်ခိုက်မူတွေကို အရှိန်မြင့်လုပ်ဆောင်နေတာပါ။ ခုရက်ပိုင်းအတွင်းမှာ ချင်းပြည်နယ်နဲ့ထိစပ်နေတဲ့ ယောဒေသနဲ့ ကလေးမြို့နယ်တွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မူတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article