29 C
Yangon

ထီးချိုင့်တွင် စစ်တပ်က တိုက်လေယာဥ် ၁ စီးဖြင့် ၃ ကြိမ် ဗုံးကျဲပြီး ရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး

Must read

ထီးချိုင့်တွင် စစ်တပ်က တိုက်လေယာဥ် ၁ စီးဖြင့် ၃ ကြိမ် ဗုံးကျဲပြီး ရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဧပြီ ၃

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ် ၁ စီးဖြင့် ၃ ကြိမ် ဗုံးကျဲပြီး ရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Tigyaing Revolution -TR အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ရတနာအောင်ရွာနှင့် မယ်ဇလီရွာအကြားကို ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့​ကြောင်း သိရသည်။

ထို့ပြင် မြေပြင်တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် မယ်ဇလီရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်တွင် ရတနာအောင်(စစ်တန်း)ရွာတို့ကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ရတနာအောင်ရွာနှင့် မယ်ဇလီရွာအကြားကို ဂျက်ဖိုက်တာ ၁ စီးနဲ့ ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်တယ်။ မြေပြင်ကနေ စစ်ခွေးစစ်ကြောင်းကလည်း ရွာ ၂ ရွာကို မီး ရှို့ဖျက်ဆီးသွားတယ်။ မြေပြင်အခြေအနေအရ ထိခိုက်ဒဏ်ရာရသူနဲ့ ပျက်ဆီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘူး” ဟု Tigyaing Revolution -TR အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသည့် ရတနာအောင် (စစ်တန်း)ရွာကို တွေ့မြင်ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article