26 C
Yangon

ကရင်ပြည်နယ် ဖွေးထော်ရူရွာကို စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၇၂ နှစ်အရွယ် အဘွား ဦးခေါင်းကြေမွသေဆုံးပြီး ၂ လသား ကလေးငယ်အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

Must read

ကရင်ပြည်နယ် ဖွေးထော်ရူရွာကို စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၇၂ နှစ်အရွယ် အဘွား ဦးခေါင်းကြေမွသေဆုံးပြီး ၂ လသား ကလေးငယ်အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၃

ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ထီးသဘလူထာကျေးရွာအုပ်စုအတွင်းရှိ ဖွေးထော်ရူရွာကို အကြမ်းဖက် စစ်ကောင်စီက ဧပြီလ ၁ ရက်နေ့ ည ၈ နာရီ ၁၃ မိနစ်အချိန်တွင် အမြောက်လက်နက် ၂ လုံးဖြင့် တမင်ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့ရာ အသက် ၇၂ နှစ်အရွယ် အဘွား နော်မဆွေသန်း ၏ ဦးခေါင်းထိမှန် သေဆုံးသွားကာ အပြစ်မဲ့ရွာသူ၊ ရွာသား ၄ ဉီးသည်လည်း အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ကေအဲန်ယူ-မူတြော်က သတင်း ထုတ်ပြန်သည်။

ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူ ၄ ဦးတွင် ကလေးငယ်များလည်း ပါဝင်နေပြီး အသက် ၂ လ သားအရွယ် နော်ဟဲညောဖိုးသည် တစ်ကိုယ်လုံးတွင် ကျည်စများ ထိမှန်ခဲ့ကာ အသက် ၅ နှစ်အရွယ် စောဖလယ်စေး ၏ ဘယ်ခြေထောက်လည်း ထိမှန်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အသက် ၃၅ နှစ်အရွယ် စောသန်းဝင်း၏ လက်၊ လည်ပင်းနှင့် ညာဖက်ပါး ထိမှန်ခဲ့ပြီး အသက် ၂၉ နှစ်အရွယ် နော်မူဆာနော ၏ ဘယ်ဘက်တင်ပါးဆုံ တို့ ထိမှန်ခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းတွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article