ဘားအံ၊ ရိုးမဟာရွာတွင် နေအိမ်ရှေ့၌ ကစားနေသည့် ကလေးငယ် ၁ ဦးကို စစ်တပ် ယာဥ်တန်းက အကြောင်းမဲ့ ပစ်သတ်
ရန်ကုန်၊ ဧပြီ ၃
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ရိုးမဟာရွာတွင် နေအိမ်ရှေ့၌ ကစားနေသည့် ကလေးငယ် ၁ ဦးကို စစ်တပ် ယာဥ်တန်းက အကြောင်းမဲ့ ပစ်သတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဘားအံမြို့နယ်၊ ရိုးမဟာရွာတွင် နေအိမ်ရှေ့၌ ကစားနေသည့် ကလေးငယ် ၁ ဦးကို ဘားအံမြို့မှလာသည့် စစ်တပ် ယာဥ်တန်းပေါ်က စစ်သားများ အကြောင်းမဲ့ ပစ်သတ်သွားကြောင်း သိရသည်။
“ယနေ့ နံနက်ပိုင်း ဘားအံက ထွက်ခွါလာတဲ့ အကြမ်းဖက် စစ်ခွေး ယဥ်တန်းက ဂျိုင်းတံတားမရောက်ခင် ရိုးမဟာရွာက နေအိမ်ရှေ့မှာ ကစားနေသော ကလေးငယ် ၁ ဦးကို ဘာအကြောင်း ပြချက်မှမရှိဘဲ ပစ်သတ်သွားတာပါ” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။