26 C
Yangon

ရေးမြို့နယ်နှင့် တနင်္သာရီ မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂၃ ဦးသေဆုံး

Must read

ရေးမြို့နယ်နှင့် တနင်္သာရီ မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၃

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၃ ဦး သေဆုံးခဲ့ကြောင်း တောင်ညိုပြည်သူ့ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၃၁ ရက်နေ့တွင် ရေးမြို့နယ်၊ အောင်သပြေရွာ အနီး အင်အား ၂၀ ခန့်ပါ အကြမ်းဖက် စစ်တပ် ကင်းပုန်းကို မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် တောင်ညို ပြည်သူ့ ပြောက်ကျား တပ်ဖွဲ့ နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ခြုံခို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၁ ရက်နေ့တွင် ရေးမြို့နယ်၊ ဘေးလမိုင်းရွာ အနီးအိမ်စီးကား ၁ စီးဖြင့် လာသည့် အကြမ်းဖက် စစ်သားများကို ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် တောင်ညို ပြည်သူ့ ပြောက်ကျား တပ်ဖွဲ့မှ မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၂ ရက်နေ့တွင် ရေးမြို့နယ် ကနင်ကမော့ရွာ အနီး ရေးမြို့မှ သံဖြူဇရပ်သို့ တက်လာသော ထားဝယ် ကမ်းရိုးတန်းတပ် ကား ၇ စီးပါ ယာဥ်တန်းကို နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် တောင်ညိုပြည်သူ့ပြောက်ကျား တပ်ဖွဲ့နှင့် ပူးပေါင်း တပ်ဖွဲ့များမှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၁၀ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားကာ စစ်သား ၁၀ ဦး ထက်မနည်း သေဆုံးပြီး ခဲ့ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် ပိန္နဲ‌တောရွာ အနီး ကင်းပုန်း၀ပ်နေသည့် စစ်သားများကို တောင်ညို ပြည်သူ့ ပြောက်ကျား တပ်ဖွဲ့ မှ ခြုံခို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးထပ်မံသေဆုံးခဲ့ကြောင်း တောင်ညိုပြည်သူ့ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်ရွာအနီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၁၀ ဦးသေဆုံး ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မြိတ်ခရိုင်) တပ်ရင်း ၂ ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၂ ရက် နေ့လည် ၁၁ နာရီခန့်က စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ် သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်း ဖက်စစ်သား ၁၀ ဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင် မြင်စွာပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း ၂ ၊ တပ်ခွဲ ၁ ၊ တနင်္သာရီ မြို့ နယ် ပကဖ၊ မြိတ်မြို့နယ် ပကဖ၊ မြိတ်ခရိုင်တပ်ရင်း ၂ ၊ တပ်ခွဲ ၁ ၊ KTL ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်း၌ စစ်ရေးအခြေအနေ တင်းမာနေပြီး မိဘပြည်သူများ၊ ခရီးသွားမိဘပြည်သူ များအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ကြရန်နှင့် စစ်ရေးအရှိန်မြင့်မလာနိုင်သည့်အတွက် လုံခြံရေးကို အထူးဂရုစိုက်နေထိုင်ကြရန် မြိတ်ခရိုင် တပ်ရင်း ၂ က သတိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article